News

Total: 2741
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီမှ “ပုဂ္ဂလိကကျောင်းများ နှင့် သက်ဆိုင်သော သတင်းအချက်အလက်ကို အခြေခံသည့် မူဝါဒများ ဖြစ်ပေါ်လာစေရေး အတွက် အစီရင်ခံစာတစ်စောင် ” ရေးသားပြုစုခဲ့ခြင်းအား အများပြည်သူ အကြံပြုလေ့လာနိုင်ရန်အတွက် တင်ပြအပ်ပါသည်
2021-01-18
ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်၏ NHRis Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne ဦးဆောင်သောအဖ
2019-08-01
ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ NHRis Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အာရှ - ပစိဖ...
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာ ဦးဆောင်သည့်အဖွဲ့အား ၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ
2014-03-04
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တိုင်းရင်းသားအဖွဲ့အစည်း များဖြစ်သော "ဝ" အထူးဒေသ(၂)မှ ဦးပေါက်ယူရီ ဦးဆောင်သော ကိုယ်စားလှယ်များ၊ မိုင်းလား အထူး ဒေသ(၄)မှ ဦးဆမ်လူ ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ(SSPP)မှ ဦးစဝ်ခွန်ဆိုင် ဦးဆောင်သော ကိုယ်စားလှယ် များအား ၂၀၁၄ ခုနှစ်၊ မတ်လ ၃ရက် နံနက် ၁၀ နာရီ ၁၅ မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်ထောင်စု လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည...
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်ဆိုင်ရာအမျိုးသားလုံခြုံရေးကောင်စီ၊အာရှရေးရာအကြီးတန်းညွှန်ကြားရေးမှူးMr. Matt Pottingerနှင့် အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. ScotMarciel အဖွဲ့အား လက်ခံတွေ့ဆုံ
2018-06-15
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် အမေရိကန် ပြည်ထောင်စု၊ အိမ်ဖြူတော်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၊ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး Mr. Matt Pottinger နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ - အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန် စေရန် လွှတ်တော်များက...
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသက်ဘေးအန္တရာယ် စိုးရိမ်ရသော ထိခိုက် ဒဏ်ရာရရှိသူ လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေး ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ဖြည့်စွက်ဆွေးနွေး
2014-07-15
 ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ၁၅-၇-၂၀၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ရာ တရား စီရင်ရေး၊ ဥပဒေ ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက တင်သွင်းသော အသက်ဘေးအန္တရာယ် စိုးရိမ်ရသော ထိခိုက် ဒဏ်ရာရရှိသူ လူနာများအား အချိန်မီ ဆေးကုသ နိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍  ရွှေဘိုမဲဆန္ဒနယ် မှ ဒေါက်တာ အောင်သန်း၏ ပြင်ဆင်ချက် အဆို တင်သွင်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စ...
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားနှင့်အခြေခံပညာ မူလတန်းကျောင်းနှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတို့သို့တက်ရောက်ချ
2014-06-14
နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်  (၁၀) နာရီ တွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။ ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မေ...
နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ မှ အစီရင်ခံစာ တင်သွင်
2012-08-20
ဒေါက်တာစိုးမိုးအောင်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။       ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာစိုးမိုးအောင် ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းမှာ ဖြစ်ပါတယ်။ ၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှပေးပို့လာသော နိုင်ငံ...
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ပညာရည်ချွှန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
2017-06-29
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းက ပညာရည်ချွှန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကြီး၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေ...
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် NEP (National Electrification Plan) နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက် လမ်းညွှန်အဖွင့်အမှာ စကားပြောက
2018-06-07
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် NEP (National Electrification Plan) First Phase နှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်အဖွင့်အမှာ စကားပြောကြားသည်။ ထိုသို့အဖွင့်အမှာစကား ပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ဖြင့် ဆောင်ရွက်သ...
နိုင်ငံတော်အစိုးရ အနေဖြင့် ညုဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်စွာ၊ ဂုဏ်ငယ်စေသော အပြုအမူ နှင့် အရေးယူ အပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်းအဆို
2013-03-21
ဒေါက်တာအောင်မိုးညို၊ ပွင့်ဖြူ မဲဆန္ဒနယ်က ‘‘ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် UN Convention Against Torture and Other Cruel, Inhuman or Degrading Treatment or Punishment ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ ဂုဏ်ငယ်စေသော အပြုအမူ နှင့် အရေးယူ အပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း ’’ အဆို တင်သွင်းခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ဆောင်ရွက်ရာတွင်-...
သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြန်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထိန်းသိမ်းကာကွယ်ရေး နှင့်စပ်လျဉ်းသည့် အဆိုကို ဆွေးန
2012-09-03
ဦးအေးမြင့်မောင် (ဒုတိယဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)။  ။အားလုံး မင်္ဂလာပါခင်ဗျား။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ သဘာဝ ဝန်းကျင်တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ပြန်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တော မြေများမှ သစ်နှင့်...
သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြည်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထိန်းသိမ်းကာကွယ်ရေး နှင့်စပ်လျဉ်းသည့် အဆိုကို ဆွေးန
2012-09-03
ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်မဲဆန္ဒနယ်)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာကော်မတီများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော်များ ခင်ဗျား။ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင်‌့ရှောက်...