ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ပြည်သူ့လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည် -

 

(၁)

ဦးနန္ဒကျော်စွာ

ဒဂုံမဲဆန္ဒနယ်

ဒုတိယဥက္ကဌ

 

(၂)

ဦးသိန်းဆွေ

အမ်းမဲဆန္ဒနယ်

ဒုတိယဥက္ကဋ္ဌ

 

(၃)

ဦးဌေးမြင့်

မြိတ်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၄)

ဒေါက်တာမောင်မောင်ဝင့်

ဗဟန်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၅)

ဒေါက်တာစိုးရင်

ကမာရွတ်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၆)

ဒေါက်တာနေလင်း

ဆိပ်ကမ်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၇)

ဦးကြည်သာ

ဂွမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၈)

ဦးအေးမောက်

မလှိုင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၉)

ဦးသိန်းလွင်

ချောက်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၀)

ဦးတင်မောင်ဦး

ရွှေပြည်သာမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၁)

ဦးဝင်းမြင့်

ပုသိမ်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၂)

ဦးမင်းဆွေ

ဒိုက်ဦးမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၃)

ဦးဘရှိန်

ကျောက်ဖြူမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၄)

ဒေါက်တာဝင်းမြင့်

လှိုင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၅)

ဦးဝင်းသန်း

သာပေါင်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၆)

ဦးဝင်းဦး

ရေဖြူမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၇)

ဦးစိုင်းသီဟကျော်

မိုင်းရယ်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၈)

ဒေါ်နန်းဝါနု

ကွန်ဟိန်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(၁၉)

ဗိုလ်မှူးချုပ် တင့်ဆန်း

တပ်မတော်သားကိုယ်စားလှယ်

အဖွဲ့ဝင်

 

(၂၀)

ဗိုလ်မှူးချုပ် မြင့်ကိုကို

တပ်မတော်သားကိုယ်စားလှယ်

အဖွဲ့ဝင်

 

(၂၁)

ဗိုလ်မှူးချုပ် ဌေးနိုင်

တပ်မတော်သားကိုယ်စားလှယ်

အဖွဲ့ဝင်

 

(၂၂)

ဦးမြင့်ဆွေ

ကာကွယ်ရေးဦးစီးချုပ်(လေ) (ငြိမ်း)

အဖွဲ့ဝင်

 

(၂၃)

ဒေါက်တာဝင်းသိမ်း

ပါမောက္ခချုပ် (ငြိမ်း)

အဖွဲ့ဝင်

 

(၂၄)

ဦးဝင်းမြင့်

သံအမတ်ကြီး (ငြိမ်း)

အဖွဲ့ဝင်

 

(၂၅)

ဦးခင်မောင်စိုး

သံအမတ်ကြီး (ငြိမ်း)

အဖွဲ့ဝင်

 

(၂၆)

ဦးသန်းရီ

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

အဖွဲ့ဝင်

 

(၂၇)

ဒေါက်တာတင်မေထွန်း

ပါမောက္ခ

အဖွဲ့ဝင်

 

(၂၈)

ဦးတင်ဝင်း

ညွှန်ကြားရေးမှူး (ငြိမ်း)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အဖွဲ့ဝင်

 

(၂၉)

ဦးကျော်ဆန်း

တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး (ငြိမ်း)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

 

(၃၀)

ဦးညွန့်ဝင်း

ရဲမှူးကြီး(ငြိမ်း)၊ မှုခင်းတပ်ဖွဲ့၊

နေပြည်တော်

အဖွဲ့ဝင်

 

(၃၁)

ဒေါ်သန်းသန်းရီ

ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)၊

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

 

(၃၂)

ဦးစိုးသိန်း

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

အဖွဲ့ဝင်

 

(၃၃)

ဦးသန်းမောင်

တရားလွှတ်တော်ရှေ့နေ

အဖွဲ့ဝင်

 

(၃၄)

ဒေါက်တာတင်လတ်

ကထိက၊ လက်မှတ်ရ ပြည်သူ့

စာရင်းကိုင် အပိုင်း-၂၊ မြန်မာနိုင်ငံ

စာရင်းကောင်စီ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

အဖွဲ့ဝင်

 

(၃၅)

ဦးသိန်းဦး

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကွန်ပျူတာ

အသင်းချုပ်

အဖွဲ့ဝင်

 

(၃၆)

ဦးသန်းလွင်

ဒုတိယ ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်

အဖွဲ့ဝင်

 

(၃၇)

ဒေါက်တာတိုးနိုင်မန်း

Ph.D (Dissertation) (Geog:)

အဖွဲ့ဝင်

 

(၃၈)

ဦးတင့်လွင်ရွှေ

ညွှန်ကြားရေးမှူး(ငြိမ်း)၊

အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာန၊

ပြည်ထဲရေးဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၃၉)

ဦးထင်ဇော်

ညွှန်ကြားရေးမှူး(ငြိမ်း)၊

ပြည်ထောင်စု တရားလွှတ်တော်ချုပ်

အဖွဲ့ဝင်

 

(၄၀)

ဦးအောင်မြင်ထွန်း

တရားလွှတ်တော်ရှေ့နေ

အဖွဲ့ဝင်

 

(၄၁)

ဦးခင်မောင်ထွန်း

တွဲဖက်စစ်ထောက်ချုပ် (ငြိမ်း)

အဖွဲ့ဝင်

 

(၄၂)

ဦးအောင်မြင့်

တရားလွှတ်တော်ရှေ့နေ

အဖွဲ့ဝင်

 

(၄၃)

ဒုတိယဗိုလ်မှူးကြီး အောင်ခင်သိန်း

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံး

အဖွဲ့ဝင်

 

(၄၄)

ဒေါ်ညိုညိုလှ

စာရင်းစစ်နှင့် ဘဏ္ဍာရေးအကြံပေးအဖွဲ့

အဖွဲ့ဝင်

 

(၄၅)

ဦးမြင့်ဆွေ

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၄၆)

ဒေါ်အေးအေးမူ

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊

အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၄၇)

ဦးကြည်ထွဋ်ဝင်း

ညွှန်ကြားရေးှမှူးချုပ် (ငြိမ်း)၊

ရေအရင်းမြစ်အသုံးချရေးဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၄၈)

ဒေါ်မြမြဝင်း

ပါမောက္ခ၊ ဌာနမှူး (ငြိမ်း)၊

မြန်မာစာဌာန

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်

အဖွဲ့ဝင်

 

(၄၉)

ဒေါ်လဲ့လဲ့ဝင်း

လက်ထောက်ကထိက (ငြိမ်း)၊

ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်

အဖွဲ့ဝင်

 

(၅၀)

ဦးစန်းလွင်

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊

စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၅၁)

ဦးအေးဟန်

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊

တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထားဝယ်မြို့

အဖွဲ့ဝင်

 

(၅၂)

ဦးညီထွန်း

အဖွဲ့ဝင်(ငြိမ်း)၊ ဝန်ထမ်းရွေးချယ်

လေ့ကျင့်ရေးအဖွဲ့

အဖွဲ့ဝင်

 

(၅၃)

ဒေါ်တင်ဘုန်းနွယ်

စာကြည့်တိုက်မှူး (ငြိမ်း)၊

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

အဖွဲ့ဝင်

 

(၅၄)

ဦးဘိုဝင်း

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊

ပညာရေးဝန်ကြီးဌာန

အဖွဲ့ဝင်

 

(၅၅)

ဒေါ်သင်းခိုင်

ညွှန်ကြားရေးမှူး (ငြိမ်း)၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အဖွဲ့ဝင်

 

(၅၆)

ဦးဆန်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဥပဒေအရာရှိ (ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

 

(၅၇)

ဦးအောင်မြင့်

ညွှန်ကြားရေးမှူး (ငြိမ်း)၊

ဧရာဝတီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဖွဲ့ဝင်

 

(၅၈)

ဦးသောင်းမြင့်

ညွှန်ကြားရေးမှူး (ငြိမ်း)၊

စာရင်းစစ်ချုပ်ရုံး

အဖွဲ့ဝင်

 

(၅၉)

ဦးဝင်းမြင့်

စစ်သံမှူး (ငြိမ်း)

အဖွဲ့ဝင်

 

(၆၀)

ဦးခင်မောင်ဦး

ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

အဖွဲ့ဝင်

 

(၆၁)

ဦးခင်မောင်တင်

သံအမတ်ကြီး (ငြိမ်း)

အဖွဲ့ဝင်

 

(၆၂)

ဦးကိုကိုနိုင်

ဗိုလ်ချုပ် (ငြိမ်း)

အဖွဲ့ဝင်

၂။       ဤကော်မရှင်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ()အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည်။

ကော်မတီသက်တမ်း

၃။       ကော်မရှင်၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ အများဆုံး တစ်နှစ် သတ်မှတ်သည်။ သို့သော် ကော်မရှင်၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေအရ ဆက်လက်ဖွဲ့စည်း ထားရှိရန်၊ မလိုအပ်သည့်အချိန်တွင် ဖျက်သိမ်းနိုင်သည်။

၄။       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကော်မရှင်၏ သက်တမ်းကာလအတွင်း အဖွဲ့ဝင်များကို လုပ်ငန်း လိုအပ်ချက်အရ သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မတီတာဝန်

၅။       ကော်မရှင်သည် -

 

(က)

တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။

 

(ခ)

အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာ ဆန်းစစ်သုံးသပ်ပြီး လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရမည်။

 

(ဂ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရမည်။

 

(ဃ)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြား သတ်မှတ်ပေးသည့် အထူး ကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရမည်။

 

(င)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လုပ်ငန်း လိုအပ်ချက်အရ အကြံဉာဏ် တောင်းခံသည့် အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ် ပေးရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၆။       ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်း အရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်း ဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက် အထားများက တင်ပြစေခြင်း ပြုနိုင်သည်။

၇။       ကော်မရှင် အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ရှိသည်။

၈။       ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ် မူတည်၍ လုံခြုံမှု အဆင့်အတန်းကို သတ်မှတ် ဆောင်ရွက်နိုင်သည်။

ကော်မတီအခွင့်အရေး

၉။       ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်လုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မရှင် အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မရှင်ရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်  လည်းကောင်း၊ ကော်မရှင်တာဝန်အရ ခရီးသွားရာ၌ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ရရှိသည့် စရိတ်များအတိုင်း ခံစားခွင့်ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များ ကိုလည်း ခံစားခွင့်ရှိသည်။

၁၀။     ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင် အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။