(ခ)-ရန်ကုန်နှင့်မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (YESC) နှင့် (MESC) တို့အနေဖြင့် မည်သည့်မြို့နယ်များကို တာဝန်ယူလုပ်ကိုင်ပြီး မည်သည့် မြို့နယ်များကို Franchise တာဝန်ပေးအပ် လုပ်ကိုင်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(MESC) တို့အနေဖြင့် မည်သည့်မြို့နယ်များကို တာဝန်ယူလုပ်ကိုင်ပြီး မည်သည့် မြို့နယ်များကို Franchise တာဝန်ပေးအပ် လုပ်ကိုင်နေသည်ကို သိလိုခြင်း၊ မြို့နယ်တစ်မြို့နယ်ချင်း အလိုက် Franchise၊ YESC နှင့် MESC တို့၏တာဝန်ယူ လုပ်ကိုင် နေသော ဓာတ်အားပျောက်ဆုံးမှု အခြေအနေစာရင်းများကို သိလိုခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုများရှိနေခြင်းကြောင့် နိုင်ငံတော် ပြည်သူ့ဘဏ္ဍာငွေများနစ်နာမှုများ ဖြစ်ပေါ်နေ၍ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းအောင် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
၂၂-၁-၂၀၁၉ လွန်ခဲ့သည့်တစ်ပတ်က လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရာခိုင်နှုန်း စုစုပေါင်းက ယခုရက်ပိုင်းတွင် မဂ္ဂါဝပ် ၃၀၀၀ ကျော် ထုတ်လုပ်နေပါကြောင်း၊ နေပြည်တော်ဓာတ်အား သုံးစွဲမှုက ၁၃၁.၁ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်းဒေသကြီးက ၁၃၁၃ မဂ္ဂါဝပ်၊ မန္တလေးတိုင်းဒေသကြီးက ၄၇၃ မဂ္ဂါဝပ်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက ၁၃၄၈ မဂ္ဂါဝပ် သုံးစွဲနေပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်ရှိသည့် လျှပ်စစ်သုံးစွဲမှု၏ ရာခိုင်နှုန်းများကို ADB မှ စာရင်းပြုစုပြီး ထုတ်ပြန်ထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းတို့အထဲတွင် အနည်းအများ အပြောင်းအလဲ ရှိနိုင်ပါကြောင်း၊ ရန်ကုန်ဆိုလျှင် လျှပ်စစ်အားလုံးထုတ်ခြင်း၏ ၄၉.၈ ရာခိုင်နှုန်း၊ မန္တလေးဆိုလျှင် ၁၇.၂ ရာခိုင်နှုန်း၊ နေပြည်တော်ဆိုလျှင် ၅.၅ ကိုသုံးစွဲနေပါကြောင်း၊ ရန်ကုန်နှင့်မန္တလေး နှစ်ခုပေါင်းလိုက်လျှင် လျှပ်စစ်ပမာဏ အားလုံးထုတ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတွင် နှစ်ခုမှာ တစ်ဝက်ကို သုံးစွဲနေသည် ဆိုတာကို သိစေချင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်ကဆိုလျှင် ၂၁.၆ ရာခိုင်နှုန်း ပျောက်ဆုံးနေပြီး ၂၀၀၈ ခုနှစ်ဆိုလျှင် ၂၂ ရာခိုင်နှုန်း၊ တဖြည်းဖြည်းနှင့် ၂၀၁၃ ခုနှစ်အထိ Loss ကို ၁၂.၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ကို တိတိကျကျ အင်တာနက်ပေါ်တွင် ဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ Translation Loss က အတိုင်းအတာတစ်ခုအထိ တော်တော်လျှော့ချနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ကို တွေ့ရပါကြောင်း၊ Distribution Loss တွင် နှစ်မျိုးရှိပါကြောင်း၊ Technical Loss နှင့် Non-Technical Loss။ Technical Loss က နည်းပညာအရ စက်ပစ္စည်းများသည် Model များနှင့်သက်ဆိုင်ပြီး Non-Technical Loss ဆိုသည်မှာ မသမာမှုများ၊ ဝန်ထမ်းများ၏ မသမာမှုများကြောင့် မိမိတို့နိုင်ငံသည် လျှပ်စစ်ဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်း ဖြစ်ပါကြောင်း၊ နောက်ပြီး လျှပ်စစ်ကို လျှပ်စစ်ဝန်ကြီးဌာန၏ ဘတ်ဂျက်များကို နှစ်တိုင်းအရှုံးခံပြီး Subsidies လုပ်ပြီး ဘီလီယံ ၄၀၀ ကျော် တစ်နှစ်နှင့်တစ်နှစ် တက်တက်ပြီး လုပ်နေသည့် အတွက်ကြောင့် မိမိတို့က Distribution တွင် Non-Technical Loss ကို ဝန်ကြီးဌာန အနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျှင် တိုင်းပြည်အတွက် အခွန်သက်သာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် YESC၊ MESC တို့က မည်သည့်မြို့နယ်များကို တာဝန်ယူလုပ်ကိုင်နေသည်ကို သိရှိလိုပါကြောင်း၊ မြို့နယ်တစ်မြို့နယ် ချင်းစီအလိုက် Franchise၊ YESC၊ MESC ကိုပါ တာဝန်ယူ လုပ်ကိုင်နေသော ဓာတ်အားပျောက်ဆုံးမှု အခြေအနေစာရင်းကို သိရှိလိုပါကြောင်း၊ ဓာတ်အား ပျောက်ဆုံးမှုများကြောင့် နိုင်ငံတော်ပြည်သူ့ဘဏ္ဍာငွေများ နစ်နာနေမှု ဖြစ်ပေါ်နေသောကြောင့် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် YESC၊ MESC Corporation များကို ဓာတ်အားပျောက်ဆုံးမှု နည်းအောင်မည်ကဲ့သို့ စီမံဆောင်ရွက် နေသည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။