(ဆ)-လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေးရှိ တိန်းချောင်းကမ်းပါး ထပ်မံမပြိုကျနိုင်စေရေးအတွက် မြေထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် အရေးပေါ် တည်ဆောက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ယခင် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် မြစ်ချောင်းများတွင် ကမ်းပါးပြိုမှု များစွာရှိခဲ့ပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် ပါဝင်သည့် လင်းခေးမြို့နယ်နားကုန်း ကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေး တိန်းချောင်းကမ်းပါး ပြိုကျမှုအခြေအနေတွင် အဆိုပါ ဘုန်းကြီးကျောင်းနှင့် ပေ ၃၀ ခန့်အကွာကို ရောက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ရွာသည် အိမ်ခြေအားဖြင့် ၈၀ ခန့်သာ ရှိပါကြောင်း၊ မိမိတို့ ထိန်းသိမ်းရန် အလွန်အခက်အခဲ ရှိနေကြပါကြောင်း၊ သက်ဆိုင်ရာက မိမိတို့ကို အကူအညီပေးပါဟု တင်ပြလာပါကြောင်း၊ ယခုလက်ရှိရွာက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ၎င်းကမ်းပါးကိုထိန်းရန် ကျောက်များ၊ မျောတိုင်များ စုဆောင်းထားပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးမြို့နယ် နားကုန်းကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နံဘေးရှိ တိန်းချောင်းကမ်းပါး ထပ်မံမပြိုကျစေနိုင်ရေးအတွက် အရေးတကြီး လိုအပ်နေသော ကမ်းထိန်းနံရံကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် အရေးပေါ် တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။