(က)-မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် (SKD) စနစ်ဖြင်‌့ လာရောက်ရင်းနှီး မြှုပ်နှံကြသည်‌့ ပြည်ပကုမ္ပဏီပေါင်း မည်မျှရှိပြီး မော်တော်ယာဉ်များ၏ (Quality Control) ကို မည်ကဲ့သို့ ထိန်းချုပ်ထား သည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့ မေးခွန်း

2020-12-28

 

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည်‌့ စနစ် (SKD) ဖြင်‌့ လာရောက်ရင်းနှီး မြှုပ်နှံကြသည်‌့ ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီး မော်တော်ယာဉ်များ၏ အရည်အသွေး ကြံ့ခိုင်ကောင်းမွန်မှု (Quality Control) ကို မည်ကဲ့သို့ ထိန်းချုပ်ထားပါသနည်းနှင်‌့ အနာဂတ်တွင် လျှပ်စစ်ဘတ်စ်ကား (e Bus) များ စမ်းသပ်မောင်းနှင် အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားပါသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့ မေးခွန်း

 

မိမိတို့မြန်မာနိုင်ငံ၏ လက်ရှိမော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍ၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ် သည်‌့ စနစ် (SKD) ဖြင်‌့ ပြည်ပမှကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်နေကြပါကြောင်း၊ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်တပ်ဆင်သည်‌့ စနစ် SKD မှ အလုံးစုံတပ်ဆင်သည်‌့ စနစ် CKD သို့ ရောက်ရှိအောင် အစပျိုးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ SKD စနစ်တွင် SKD-1 နှင့် SKD-2 ဆိုပြီး ထပ်မံခွဲခြားပြီးအလိုက် ယခုနောက်ပိုင်း SKD-2 စနစ်ကိုသာ အတည်ပြုတပ်ဆင် ထုတ်လုပ်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင်‌့ စက်ရုံထုတ်ကားသစ်ကြီးများ Brand New ကို စီးနင်းမောင်းနှင်ခွင်‌့ ရရှိကြမည်ဖြစ်သော်လည်း မူရင်းနိုင်ငံထုတ် အရည်အသွေးများနှင်‌့ ကွာဟမှုရှိ/မရှိ၊ ပေးချေရသော တန်ဖိုးများနှင်‌့ညီ/မညီ သိရှိရန်လိုအပ်ပါကြောင်း၊ အထူးသဖြင်‌့ မော်တော်ယာဉ် ကြံ့ခိုင်မှုအပိုင်းတွင် လုံခြုံစိတ်ချရမှုအပိုင်း (safety)၊ အင်ဂျင်စမ်းသပ်မှုအပိုင်း (Energy Testy) နှင့် ယာဉ်အောက်ပိုင်း ကြံ့ခိုင်မှု (suspension) အပိုင်းများကို မူရင်းနိုင်ငံများတွင် စနစ်တကျစမ်းသပ် စစ်ဆေးပြီးမှ စက်ရုံကနေထုတ်လုပ် ရောင်းချသည့်အဆင်‌့သို့ ရောက်ရှိခြင်းဖြစ်ပါကြောင်း၊ တချို့နာမည်ကြီး အမှတ်တံဆိပ် မော်တော်ယာဉ်များသည် ချို့ယွင်းချက်များ တွေ့ရှိရသဖြင့် ပြန်လည်တာဝန်ယူ ဖြေရှင်းရခြင်းမျိုး ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် လာရောက်တပ်ဆင် ထုတ်လုပ်သည့် မော်တော်ယာဉ်များကို အရည်အသွေးကြံ့ခိုင် ကောင်းမွန်မှုအဆင်‌့အတန်း (Quality Control) ကိုလည်း ဝယ်ယူသုံးစွဲသည်‌့ ပြည်သူများအနေဖြင့် သိရှိရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ဟန်ဂေရီနိုင်ငံ နည်းပညာဖြင့် ထုတ်လုပ်မည့် လျှပ်စစ်ဘတ်စ်ကား (e Bus) များအတွက် မည်သည့်ပုံစံဖြင့် ထုတ်လုပ်ပြီး မည်ကဲ့သို့နေရာများတွင် စတင်သတ်မှတ် အသုံးပြုသွားမည်ကိုလည်း အများပြည်သူလူထုမှ သိရှိသင်‌့ပါသဖြင်‌့ မေးခွန်းနှစ်ခုဖြင့် မေးမြန်းလိုပါကြောင်း၊ မေးခွန်း (၁) အနေဖြင့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည်‌့ SKD စနစ်ဖြင်‌့ လာရောက်ရင်းနှီးမြှုပ်နှံကြသည်‌့ ပြည်ပကုမ္ပဏီပေါင်း မည်မျှရှိပြီး တပ်ဆင် ထုတ်လုပ်သည်‌့ မော်တော်ယာဉ်များ၏ အရည်အသွေးကြံ့ခိုင် ကောင်းမွန်မှု (Quality Control) ကို ဝန်ကြီးဌာနက မည်ကဲ့သို့ ထိန်းချုပ်ထားပါသနည်းနှင့် မေးခွန်း(၂) အနာဂတ်တွင် လျှပ်စစ်ဘတ်စ်ကား   (e Bus) များ စမ်းသပ်မောင်းနှင် အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။