(က)-ကျောက်တော်မြို့နယ်ရှိ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်းဦးပိုင်အမှတ် ၆၅၉ ကွင်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များနှင့်မြေပြင်အခြေအနေကွာခြားချက်များကို ပြန်လည် စိစစ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

မိမိတို့ ကျောက်တော်မြို့နယ်တွင် ရန်ကုန်-စစ်တွေကားလမ်းမကြီးကို ဖြတ်သွားသည့် လမ်း တစ်နေရာတွင် ပေ ၄၀၀ ကျော် မြင်‌့သည့် ကရံစောက်တောင်တန်းကြီး တစ်ခုရှိပါကြောင်း၊ ကရံစောက်တောင်တန်း၏ တစ်ဖက်တွင် ခမရ ၅၃၉ တပ်ရင်းတစ်ခုရှိပြီး တစ်ဖက်တွင် ပြည်သူများ လုပ်စားနေသည့် လယ်ယာဥယျာဉ်ခြံမြေများ ရှိပါကြောင်း၊ ၎င်းတို့ထဲမှ လယ်ယာမြေတချို့သည် တစ်ချိန်က တပ်သင်းမြေအဖြစ် ရှိနေခဲ့ရာက ၂၀၁၅ ခုနှစ်တွင် ပြည်သူ့လက်ထက်ကို တပ်မတော်က ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း၊ ၎င်းထဲတွင် မိမိတို့ မရှင်းသည့်ကိစ္စတစ်ခုက ဥယျာဉ်ခြံမြေတချို့နှင့် စားကျက်မြေတချို့ ဖြစ်ပါကြောင်း၊ အကုန်လုံး ဧက ၁၀၀ ကျော် ခန့်ရှိပြီး ဥယျာဉ်ခြံမြေဆိုလျှင် ဒေသခံများ စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင်များရှိပြီး သမိုင်းနှင့်ဆက်စပ်သည့် နေရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဥယျာဉ်ခြံမြေသည် ၂၀၁၅ ခုနှစ်ကစပြီးမှ ဖျက်သိမ်းပြီး မိုင်းခွဲပြီး ကျောက်ထုတ်နေခြင်း နှစ်စဉ်လိုလိုဖြစ်ပါကြောင်း၊ နောက်ပြီး ၎င်းတောင်ခြေရင်းတွင် ဒေသခံများ မှီခိုအားထားနေရသည့် စားကျက်မြေများရှိပါကြောင်း၊ အဆိုပါ စားကျက်မြေများကလည်း မနှစ်က တပ်ကနေပြီး လယ်ယာအဖြစ်ပြောင်းလဲစိုက်ပျိုး လိုက်သည့်အခါ ဒေသခံများက အတော်လေး ဒုက္ခရောက်နေရသည့် အခြေအနေများ ရှိနေသည်ဆိုပြီး မိမိတို့ကိုလှမ်းပြီး အကြောင်းကြားပါကြောင်း၊ ထို့ကြောင့် မိမိမှက စာရေးပြီး အကူအညီတောင်းခံခဲ့ပါကြောင်း၊ စာထဲတွင် အဆိုပါ ဥယျာဉ်ခြံမြေနှင့် စားကျက်မြေများသည် ၂၀၁၅ ခုနှစ်ကတည်းက လွှဲပြောင်းပေးသည့် ထဲတွင်ပါသည်ဆိုပြီး မိမိကို စာဖြင့်ပြန်လည် အကြောင်းကြားခဲ့ပါကြောင်း၊ ၎င်းစာကို ဒေသခံများအား ပို့လိုက်ကြောင်း၊ ဒေသခံများကလည်း ဝမ်းသာအားရဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများဆီကို ပို့သည်ဆိုသဖြင့် အောက်ခြေတွင် မည်ကဲ့သို့ ဖြစ်နေသည်ဆိုသည်မှာ ၎င်းဝန်ကြီးဌာနက ထုတ်သည့်စာတွင် လွဲနေခြင်းဆိုပြီး ၎င်းတို့လုပ်နေသည့် အလုပ်ကို ပုံမှန်မပျက်လုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းကို မိမိတို့က ရှင်းရှင်းလင်းလင်း သိချင်ပါကြောင်း၊ အကယ်၍ ၎င်းစာက ဝန်ကြီးဌာနက ထုတ်ပြန်တာ အောက်ခြေကပြောသလို လွဲနေသည်ဆိုလျှင် အဆိုပါ ဥယျာဉ်ခြံမြေများမပါပါကြောင်း၊ စားကျက်မြေ များ မပါရှိဘူးဆိုလျှင် ပြည်သူများအတွက် တော်တော်ကိုအခက်အခဲ ဖြစ်နေသည့် အ‌ခြေအနေ ဖြစ်သည့်အတွက် ပြည်သူများကိုစာနာသည့်အနေဖြင့် ၎င်းဧက ၁၀၀ ကျော်ကို ဥယျာဉ်ခြံမြေနှင့် စားကျက်မြေများကို ပြည်သူလက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။