(ခ)-လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးအား ဆောချောင်းနှင့်ချုပ်ချောင်းတို့၏ရေတိုက်စားမှုဘေးမှကာကွယ်ထားသည့်ကွန်ကရစ်မြေထိန်းနံရံ (၁၁၇) ပေ ရေတိုက်စား ပါသွားရာအမြန်ဆုံးပြန်လည်တည်ဆောက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးအား ဆောချောင်းနှင့် ချုပ်ချောင်းတို့၏ ရေတိုက်စားမှုဘေးမှ ကာကွယ်ထားသည့် ကွန်ကရစ်မြေထိန်းနံရံ အရှည်(၂၅၇)ပေအနက် အရှည်(၁၁၇)ပေ ရေတိုက်စားပါသွားရာ အမြန်ဆုံးပြန်လည်တည်ဆောက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဆောမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးသည် ဆောမြို့၊ သီရိရပ်ကွက်တွင်ရှိပြီး ရုံး၏အနောက်ဘက်မှာကပ်လျက် မြို့နယ်လျှပ်စစ်မှူးရုံး ရေစီးကြောင်း၏ အောက်ဘက်တွင် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအိမ်ရာ၊ မြို့နယ်ပညာရေးမှူးရုံး၊ ဝင်းသူဇာ အဆောက်အဦနှင့် စစ်မှုထမ်းဟောင်းများရုံး၊ လူနေအိမ်များ များစွာတည်ရှိနေခြင်း ဖြစ်ပါကြောင်း၊ မူလ ဆောချောင်း ရေစီးဆင်းမှုသည် ရုံးနှင့်ပေ ၆၀၀ ခန့်အကွာတွင် စီးဆင်းနေခြင်းကြောင့် အန္တရာယ်ကင်းရန်ဆိုပြီး မြေထိန်းကွန်ကရစ် နံရံအရှည် ၂၅၇ ပေ တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်မိုးရာသီ မိုးကြီးရွာသွန်းခြင်းကြောင့် ရုတ်တရက် ရေစီးကြောင်းများပြောင်း၊ ဆောချောင်းနှင့် ချုပ်ချောင်းတို့ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံးအား ရေတိုက်စားမှုဘေးမှ ကာကွယ်တည်ဆောက်ထားသော ကွန်ကရစ်မြေထိန်းနံရံ ၂၅၇ ပေကို ရေတိုက်စားရာ အရှည်ပေ ၁၁၇ ပေ ပြိုကျသွားပါကြောင်း၊ အနီးအနားတွင်ရှိသည့် နိုင်ငံတော်အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများနှင့် လူနေအိမ်ရာများလည်း လွန်စွာစိုးရိမ်နေရပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေတိုက်စားပြီး ပြိုကျပျက်စီးသွားသည့် အရှည် ၁၁၇ ပေအား လာမည့် မိုးရာသီမတိုင်မီ ရေရှည်ခိုင်ခံ့တောင့်တင်းသော ရေကာနံရံတစ်ခု အမြန်ဆုံးတည်ဆောက် ပေးစေလိုပါကြောင်းနှင့် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။