(ဆ)-ခေါင်လန်ဖူးမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးသည် ရာသီဥတုကြောင့် ဆွေးမြည့်ပျက်စီးနေပါသဖြင့် အမြန်ဆုံးအသစ်ပြန်လည်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-28

 

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၆၈၀ တွင်တည်ရှိသည့် တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပြီး ဌာနဆိုင်ရာရုံး ၁၉ ရုံး၊ ကျေးရွာ အုပ်စု ၂၃ အုပ်စုရှိပါကြောင်း၊ ဌာနဆိုင်ရာ ရုံးအများဆုံးမှာ ဒေသတွင်ထွက်ရှိသည့် ပျဉ်ခင်း၊ ပျဉ်ကာ အဆောက်အဦများသာဖြစ်ပြီး နှစ်စဉ်မိုးများရွာသွန်းသည့်အတွက် မိုးဒဏ်လေဒဏ်ကြောင့် မကြာ ခဏပျက်စီး ပြုပြင်ထိန်းသိမ်းနေရပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးအဆောက်အဦသည် ခေါင်လန်ဖူး မြို့နှင့် ပူတာအိုလမ်းမကြီးဘေးတွင်တည်ရှိပြီး အဆောက်အဦတစ်ခုလုံးမှာ ပျဉ်ခင်း၊ ပျဉ်ကာ အဆောက်အဦများသာ ဖြစ်သည့်အတွက် များစွာဟောင်းနွမ်းပျက်စီးနေပါကြောင်း၊ ဝန်ကြီးဌာနမှ အနည်းငယ်သာပြင်ထားပြီး လိုအပ်ချက်များစွာရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊  အဆောက် အဦတစ်ခုလုံးမှ မိုးမလုံ၊ လေမလုံဖြစ်နေသည့်အတွက် ရုံးဌာနအဆောက်အဦနှင့် သင့်တော်သော အဆောက်အဦဖြစ်စေရန် အတွက် မြန်မာ့ဆက်သွယ်ရေးနှင့်ပတ်သက်သည့် အဆောက်အဦများအား အမြန်ဆုံးဆောက်လုပ် ပြုပြင်ပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။