(ခ)-လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာမှ မိုးဗြဲလက်ဝဲမြောင်းမကြီး မိုင်နာ(၁၉)အထိ အရှည် ၂၂၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အထူ ၁၂ လက်မရှိ လယ်ယာကုန်ထုတ် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

လွိုင်ကော်မြို့နယ်ထဲတွင် ဘုရားဖြူ၏ မိုးဗြဲလက်ဝဲမြောင်းမကြီး မိုင်နာ (၁၉) အထိဖြစ်ပြီး ပေ အရှည်က ၂၂၀၀၀၊ အကျယ်က ၁၂ ပေ၊ အထူက ၁၂ လက်မဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါပေါ်ကလဲ ကျေးရွာတွင်  လူထုတွေ့ဆုံပွဲ လုပ်ုသည့်အခါ တောင်သူလယ်သမားများက တောင်းဆိုခြင်း ဖြစ်သောကြောင့် လက်ရှိမြေပြင်ပေါ်တွင် အလွန်ဆိုးရွားသည့် ကုန်ထုတ်လမ်း အခြေအနေရှိသဖြင့် တောင်းရခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ရာသီမရွေးသွားလာနိုင်သော ဒီမော့ဆိုမြို့နယ်အတွင်းရှိ ဘီလူးချောင်း၏ အနောက်ဘက် ကျေးရွာ ၁၂ ရွာ၊ ဘီလူးချောင်း၏ အရှေ့ဘက်တွင်ရှိသည့် လွိုင်ကော်ထဲက ကျေးရွာပေါင်း ၁၀ ရွာတို့သည် ဒေသခံများနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး စီးပွားရေးကုန်ထုတ်လမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ရေသောက်စနစ် အတွင်းရှိ ကွင်းပေါင်း ၂၀၊ ရေသောက်ဧက က ၅၇၇၀၊ စပါးစိုက်ပျိုးသည့် တောင်သူက ၁၂၆၅ ဦး၊ လယ်မှ စပါးတင်းပေါင်းက လေးသိန်းခြောက်သောင်းကျော် ထွက်သည့်အတွက် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲရေး ဟန်ချက်ညီသည့် MSCB ၏ စီမံကိန်းမူဝါဒ မဟာဗျူဟာ ၃ (၁) တွင်လည်း ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံလည်းရှိခြင်းကြောင့် ဘက်စုံမွေးမြူရေး အလေ့အထ ကုန်ထုတ်မျိုးစုံ ထုတ်လုပ်နိုင်စွမ်း စီးပွားရေးကိုလည်း ပံ့ပိုးမည်ဆိုသည့် အကြောင်းလည်း ပါဝင်ပါကြောင်း၊ UNDP ၏ SDG တွင်လည်း Low Poverty ဆင်းရဲမှုလျှော့ချသည့် Zero Hunger ၊ ၎င်းသည်လည်း Nutrition အပိုင်းတွင် Improve လုပ်သကဲ့သို့ Sustainable Agriculture ခေါ် စဉ်ဆက်မပြတ် စိုက်ပျိုးရေးတွင်လည်း အားပေးခြင်းဖြစ်သည့်အပြင် ကယားပြည်နယ်၏ စီမံကိန်းမူဝါဒ ရည်မှန်းချက်များနှင့် ကိုက်ညီသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လမ်းအခြေအနေ ကြည့်မည်ဆိုလျှင် မြေသားလမ်းကို ဆင်းရဲသားတောင်သူ လယ်သမားများအတွက် ဆင်းရဲမှုဘဝမှ မြှင့်တင်နိုင်ရန် အဆိုပါလမ်းကို ကျောက်ချောလမ်းအဖြစ် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိလျှင် မည်သည့်အတွက်ဖြစ်သည် ရှိလျှင်လည်း မည်သည့်အချိန်တွင် လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။