(ဃ)-ကျွန်းစုမြို့နယ်၊ ကဘင်အုပ်စု၊ မိုင်းတွေးကျေးရွာရှိ စာသင်ကျောင်းများသို့သွားရာ တံတားနှင့် စာသင်ကျောင်းတို့ကို ပြန်လည်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ကဘင်အုပ်စု၊ မိုင်းတွေးကျေးရွာရှိ ကျောင်းဆောင်များအပါအဝင် တစ်ရွာလုံးရှိ လူသွားလမ်း များသည် ‌မြေပြင်ပေါ်တွင်မရှိဘဲ ရွံ့မြေများပေါ်တွင်ဖြတ်၍ တံတားသဖွယ်လမ်းခင်း၍ ဖြတ်သန်းသွားလာကြသည့် ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊

ထို့ကြောင့် မိုင်းတွင်းကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုသွားသော သစ်သားတံတားက ရွာထိပ်မှ အမြင့်က ခုနစ်ပေ၊ အကျယ်ရှစ်ပေနှင့် အလျား ၂၀၀ ပေ ရှိပါကြောင်း၊ စာသင်ကျောင်း ဆောင်ကလည်း နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့်အတွက် အန္တရာယ်လည်း ရှိပါကြောင်း၊ ဥပတိရုပ်လည်း မကောင်းသည့် ကိုယ်ထူကိုယ်ထ ကျောင်းဖြစ်ပြီး အလွန်တရာဆွေးမြည့် ပျက်စီးနေပြီ ဖြစ်သည့်အတွက် ပဉ္စမတန်းကျောင်းသားများကို ဖြစ်သလိုပညာ သင်ကြားနေရသော ကျောင်းခန်းမ ဆောင်တစ်ခု ဖြစ်ပါကြောင်း၊

သို့ပါ၍ အဆိုပါ မိုင်းတွင်းကျေးရွာရှိ အလွန်တရာဟောင်းနွမ်း ပျက်စီးနေသည့် စာသင်ကျောင်း ဆောင်နှင့် ကျောင်းဆောင်သို့ သွားသည့်လမ်းကို သစ်သားဘေလီကွန်ကရစ် တံတားတစ်စင်းကို ဆောက်လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိကို ကျေးရွာသူ/သားများ ကိုယ်စားသိရှိလိုပါကြောင်း မေးမြန်းပါသည်။