(ဆ)-အင်းစိန်မြို့နယ်အတွင်း အ.ထ.က(၃)အင်းစိန်မြေနေရာတွင် မြို့နယ်ကျောင်းပေါင်းစုံ အားကစားကွင်းနှင့် အ.ထ.က(၇) အင်းစိန်မြေနေရာတွင် မြို့နယ်ကျောင်းပေါင်းစုံ မိုးလုံလေလုံအားကစားရုံ ဆောက်လုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

အင်းစိန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၁၈ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းပေါင်း ၁၁ ကျောင်းနှင် အခြေခံပညာမူလတန်းကျောင်းပေါင်း ၃၁ ကျောင်းရှိပြီး စုစုပေါင်း ကျောင်းသား/သူဦးရေ ၃၈၀၀၀ ကျော်နှင် ဆရာ/မပေါင်း ၁၁၀၀ ကျော်ရှိသော်လည်း အင်းစိန်မြို့နယ်ပိုင် ကျောင်းပေါင်းစုံ အားကစားကွင်းနှင် ကျောင်းပေါင်းစုံမိုးလုံလေလုံ အားကစားမရှိသည့်အတွက် ကျောင်းသားလူငယ်များအတွက် ပြိုင်ပွဲများကို အချိန်အခါမရွေး ဆောင်ရွက်နိုင်ခြင်း မရှိပါသောကြောင် ကျောင်းသားမိဘများနှင် ကျောင်းသားလူငယ်များမှာ များစွာစိတ်အားငယ် ကြရပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များအတွက် ကျန်းမာရေးကောင်းမွန်ရန် အတွက်လည်းကောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်းကောင်း၊ ဆေးလိပ်နှင့်အရက် မူးယစ်ဆေးဝါးအန္တရာယ်တို့မှ ကင်းဝေးစေရေး အတွက်လည်းကောင်း ရေရှည်ကိုမျှော်တွေးပြီး စိတ်ပူပင်ကြရပါကြောင်း၊ သို့ပါသောကြောင် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ..က () အင်းစိန် မြေနေရာတွင် လည်းကောင်း၊ ကျောင်းပေါင်းစုံ အားကစားကွင်းတစ်ကွင်း၊ ..က () အင်းစိန်မြေနေရာတွင် ကျောင်းပေါင်းစုံ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပေးရန်နှင် ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။