(ဆ)-မကွေးမြို့နယ်၊ ကန်သာရပ်ကွက်အတွင်းရှိ ကန်သာရေကန်ကြီးကို ပြန်လည်တူးဖော်ရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မကွေးမြို့နယ် ကန်သာရပ်ကွက်တွင်ရှိသည့် ကန်ကြီးသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီဖြစ်ပြီး မကွေးမြို့ကြီး တည်ဆောက်ခဲ့သည့် မြို့သက်တမ်းနှင် အတူတူဖြစ်ပါကြောင်း၊ ဧရိယာအားဖြင့်လည်း ဧရိယာဧက ၂၀ နီးပါး ၁၉.၄၆၇ ဧကရှိပါကြောင်း၊ မြောက်ဘက်တွင် ..က () လမ်း အေးစေတီဘုရားနှင့် အောင်မြေရတာနာ ကျောင်းတိုက်ရှိပါကြောင်း၊ အရှေ့ဘက်တွင် ရန်မျိုးနိုင် ရပ်ကွက်နှင် အနောက်ဘက်တွင် ဌာနဆိုင်ရာများနှင့် မကွေးတက္ကသိုလ်လည်း ရှိပါကြောင်း၊ ယခုအခါ ထိန်းသိမ်းမှု မရှိသည့်အတွက် မိုးအခါတွင် ကန်ကြီးအတွင်းရေလျှံပြီး ကန်အောက်တွင်ရှိသည့် ရပ်ကွက်များမှ ရေကြီးသည့် ဒဏ်ကိုခံစားရပါကြောင်း၊ ကန်အတွင်းတွင်လည်း အမှိုက်များ ဗေဒါပင်များ၊ မြက်ပင်များနှင့်အင်မတန်မှ ရုပ်ဆိုးလှပါကြောင်း၊ ၎င်းကန်ကြီးကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရပ်ကွက်များ၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ မီးဘေးကာကွယ်ရေးအတွက်လည်း အထောက်အပံ့ဖြစ်ခြင်း၊ ရပ်ရွာသာယာလှပရေးတို့အတွက် အကျိုးကျေးဇူးလည်း ရရှိနိုင်သည့်အပြင် လူအများလည်း အပန်းဖြေသင့်တော်မည့် နေရာလည်း ဖြစ်ပါ ကြောင်း၊ မလိုလားအပ်သည့် ရာဇဝတ်မှုများလည်း ကင်းရှင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပျက်စီးယိုယွင်းနေသည့် ကန်သာကန်ကြီးကို ပြုပြင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ဒေသခံ ပြည်သူများ ကိုယ်စားသိရှိ လိုပါကြောင်း မေးမြန်းပါသည်။