(စ)-မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအား ခြောက်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်၍ တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-29
မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးအား အသုံးပြုသော ယာဉ်အစီးရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာသည့်အတွက် ယခုလက်ရှိ လေးလမ်းသွားလမ်းမကြီးမှ ခြောက်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်၍တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအား တစ်ရက်တစ်ရက်အသုံးပြုသည့် ယာဉ်အစီးရေက များပြားလာသည့် အတွက်ကြောင့် ယခုလေးလမ်းသွားကနေပြီး ခြောက်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဖြစ်ပါကြောင်း၊ အကယ်၍ ခြောက်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ပေးမည် ဆိုပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးမည် ဆိုသည်ကို တစ်ပါတည်းဖြေကြား ပေးစေလိုပါကြောင်း မေးမြန်းပါသည်။