(ဃ)-နည်းပညာနှင့် အာမခံချက်ပေးသည့် စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဖွံ့ဖြိုးမှုနည်းပါး နေသေးသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသောနိုင်ငံဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများကြားတွင် လယ်ယာစိုက်ပျိုးရေးကိရိယာသုံးစွဲမှု နည်းပညာနှင့်ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုများကြောင် လယ်ယာကဏ္ဍ တွင် အားအနည်းဆုံးနိုင်ငံဖြစ်သည့်အပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသုံးစွဲမှု နည်းစနစ်မမှန်ကန် သည့်အတွက် သီးနှံအရည်အသွေးကျဆင်းမှုသည် တောင်သူလယ်သမားများအတွက်သာမက နိုင်ငံ့ အတွက် ပို့ကုန်တန်ဖိုးကျဆင်းရသည့်အတွက် နိုင်ငံ၏စီးပွားရေးကိုလည်း ထိခိုက်နစ်နာစေပါကြောင်း၊ ပြည်ပကို သီးနှံပို့ကုန်များ အရည်အသွေးနိုင်ငံတကာတွင် ပြန်လည်ဦးမော့လာနိုင်မည့် မေးခွန်းလည်း ဖြစ်ပါကြောင်း၊ အရေးကြီးဆုံးအချက်က မြေဆီထိန်းသိမ်းမှုနည်းစနစ်မရှိသည့်အတွက် နောင်အနာဂတ် မြန်မာနိုင်ငံအတွက်၊ နောင်လာနောက်သားများအတွက် မြေဆီသြဇာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ၎င်းအချင်းအရာများကာကွယ်စေနိုင်ရန် စိုက်ပျိုးနည်းပညာဖြန့်ဝေနိုင်မည့် လူသားအရင်းအမြစ်နှင့် အဆိုပါပညာများကို သင်ပေးနိုင်မည့်သင်တန်းကျောင်းများ များစွာလိုအပ်နေပါကြောင်း၊

လက်ရှိမိမိတို့နိုင်ငံတွင် ပညာရေးမပြီးဆုံးခင် စားဝတ်နေရေးကြောင် လုပ်ငန်းခွင်ဝင်ရသော လူငယ်များ ရှိသကဲ့သို့ ပညာရေးပြီးဆုံးသော်လည်း လုပ်သားအင်အားရှားပါးမှုကြောင် အိမ်နီးချင်းနိုင်ငံများကို တရား ဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်အလုပ်လုပ်ကိုင်နေရသည့်အတွက် လုပ်သားအင်အား ဆုံးရှုံး မှုများ ဖြစ်နေပါကြောင်း၊ ဆုံးရှုံးနေရသည့်လုပ်သားအင်အားကို လူသားအရင်းအမြစ်အဖြစ်ဖြစ်စေရန် ကျွမ်းကျင်မှု၊ နည်းပညာနှင် တီထွင်ဆန်းသစ်မှု ဖြည့်ဆည်းပေးရန်လိုအပ်နေပါကြောင်း၊ ယခုအချိန်တွင် လက်တွေ့အသုံးချ စက်မှုသင်တန်းကျောင်း (အောင်ဆန်း) ကိုလည်း စင်ကာပူနိုင်ငံနှင် ပူးပေါင်းဖွင့်လှစ်ခဲ့ ပါကြောင်း၊ ယခုမိမိမေးခွန်းတွင်ပါသော စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် ဂျပန်နိုင်ငံ တွင်ရှိသော အစိုးရမဟုတ်သည့် OISCA International အဖွဲ့အစည်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၁၉၉၆ ခုနှစ်ကတည်းက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျေးလက်နေလူငယ်များအတွက် ကောင်းမွန်သည့်ရည်ရွယ်ချက် () ရပ်ဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလကို တစ်နှစ်သတ်မှတ်ခဲ့ပါကြောင်း၊ သင်တန်းသားများကို အရည်အချင်း ကန့်သတ်သည့်နေရာတွင် ပထမအချက်အနေဖြင့် ဒေသတွင်းတောင်သူလယ်သမားများ၏ သားသမီးများ ဖြစ်ရမည်ဖြစ်ပြီး လက်ရှိလယ်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ရမည်ဆိုသည့်အချက်သည် အထက်တွင် တင်ပြခဲ့သကဲ့သို့ လယ်ယာကဏ္ဍအတွက်လိုအပ်နေသည့် နည်းပညာနှင့်ကျွမ်းကျင်မှုရရှိနိုင်သောနည်းလမ်း ကောင်း ဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် သင်တန်းသား ၂၀ ဦး ကိုလက်ခံပြီး စာတွေ့ထက် လက်တွေ့ကို ဦးစားပေးသည့်အတွက် ထိရောက်သောသင်ကြားမှုနည်းစနစ်လည်း ဖြစ်ပါကြောင်း၊ သင်တန်းကျောင်း စတင်တည်ထောင်ခဲ့သည့် နှစ် ၂၀ အတွင်း သင်တန်းသူသင်တန်းသား ၃၇၇ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ထူးချွန်ကျောင်းသား ၁၀၆ ဦး ကို ဂျပန်နိုင်ငံ OISCA သင်တန်းကျောင်းသို့ ပညာတော် သင်စေလွှတ်ခဲ့ပြီး ပညာတော်သင်ပြန်လာသည့်သူများကို သင်တန်းကျောင်းတွင် အလုပ်ပြန်ခန့်၊ အခြား စိုက်ပျိုးရေးကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများလည်း ရှိနေပါကြောင်း၊ ငွေအရင်းအနှီး လိုအပ်သည့် သူများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးအတွက် . ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ရေစကြိုမြို့နယ် ကျေးရွာ ၃၀ တွင် ထုတ်ချေးခဲ့ပါကြောင်း၊ ဂျပန်နည်းပညာဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အောင်မြင်သည် ဟုလည်း သတင်းစာတွင်ဖတ်ခဲ့ရပါကြောင်း၊ ထို့ကြောင် ကျေးလက်နေလူငယ်များ နည်းပညာနှင် ဘဝ အာမခံချက်ရှိသော OISCA  သင်တန်းကျောင်းသည် စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို သင်ကြားပေးမည့် အလားတူသင်တန်းကျောင်းမျိုးကို စိုက်ပျိုးရေးကိုအဓိကထားအသက်မွေးနေရပြီး ဖွံ့ဖြိုးမှုနည်းပါးသော ရွှေ့ပြောင်းအလုပ်သမားများပြားသည့် ဧရာဝတီတိုင်းဒေသကြီးနှင် အခြားပြည်နယ်နှင် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။