(က)-၂၀၁၉ ခုနှစ် နွေရာသီကာလတွင် လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် (MW) မည်မျှရှိမည်ကို ခန့်မှန်း တွက်ချက်ထားမှုအခြေအနေနှင့် လျှပ်စစ်ပြတ်တောက်မှုရှိစေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည် တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၉ ခုနှစ် နွေရာသီကာလဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလတို့တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် (MW) မည်မျှရှိမည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ခန့်မှန်း တွက်ချက်ထားမှုအခြေအနေနှင့် လျှပ်စစ်ပြတ်တောက်မှုရှိစေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည် တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့နှင့် အနီးဆုံးရက်ဖြစ်သော ၂၅-၄-၂၀၁၉ ရက်နေ့က လျှပ်စစ်ဝန်ကြီးဌာန Website ကတင်ပြထားသော လျှပ်စစ်အမြင့်ဆုံးထုတ်လုပ်မှု ၃၄၃၈.၁ မဂ္ဂါဝပ်ထုတ်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ် ဧပြီလ ၂၅ ရက်နေ့က ၃၃၄၉ မဂ္ဂါဝပ်အထိ ထုတ်နိုင်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အနည်းငယ်ပိုပြီးသာ ထုတ်သည်ကို တွေ့ရပါကြောင်း၊
WESC က ဧပြီလ ၁၁၊ ၁၂ ရက်တွင် System Breakdown ကြောင့် ရန်ကုန်မြို့တစ်မြို့လုံး တစ်ချို့မြို့နယ်များတွင် မီးပျက်ခဲ့ပါကြောင်း ကြေညာချက်ထုတ်ထားပါကြောင်း၊ WESC က Distribution ကြောင့် ချို့ယွင်း၍ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၏မြို့နယ်များတွင် ဧပြီလ ၁၁ ရက်နေ့ နောက်ပိုင်းကစပြီး နေ့တိုင်းနီးပါး မီးပြတ်တောက်နေရသည့်အခြေအနေကို ထုတ်ပြန်ထားခြင်း ဖြစ်ပါကြောင်း၊ ၁၁ ရက်နေ့က System Breakdown ဖြစ်ပါကြောင်း၊ ၂၄ ရက်နေ့တွင်လည်း မဟာဓာတ်အားလိုင်းက System Breakdown ဖြစ်ပါကြောင်း၊ ဧပြီလထဲတွင် System Breakdown ကြောင့် သုံးကြိမ်ဖြစ်ပေါ်ပါကြောင်း၊ ရန်ကုန်မြို့အတွင်းရှိမြို့နယ်များ Distribution ၏အရေးပေါ် လုပ်ငန်းများကြောင့် မီးပျက်ခြင်းဖြစ်ပါကြောင်း၊ ယခုလ ၁၁၊ ၁၂ ရက်နေ့တွင် System Breakdown ကြောင့် တစ်တိုင်းလုံးနီးပါးမီးပျက်ပါကြောင်း၊ ၂၀ ရက်နေ့တွင် Distribution ၏ ပြဿနာများကြောင့် ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်တွင် ပျက်ပါကြောင်း၊ ၂၃ ရက်နေ့တွင်လည်း ပျက်ပါကြောင်း၊ ၂၂ ရက်နေ့တွင်လည်း ရွှေပြည်သာ၊ ဝါးတစ်ရာစက်မှုဇုန် Distribution Problem ကြောင့်ပျက်ပါကြောင်း၊ ၂၄ ရက်နေ့တွင်လည်း System Breakdown ဖြတ်ပါကြောင်း၊ နေ့တိုင်းနီးပါးမီးပျက်ပါကြောင်း၊ နယ်များတွင်လည်း ယခုဓာတ်အားထုတ်လုပ်မှု လျော့နည်းသည့်အတွက် Load ရှပ်များဖြစ်ပြီး အလှည့်ကျမီးပေး သည့်စနစ်များ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်နွေရာသီတွင် လျှပ်စစ်သုံးစွဲမှုမည်မျှရှိမည်ကို မည်ကဲ့သို့တွက်ချက်ထားပြီး ထုတ်လုပ်မှုကိုမည်ကဲ့သို့လုပ်ဆောင်ခဲ့သနည်း၊ ကျန်ရှိနေသော နွေရာသီ ကာလတွင် မီးမပျက်ရေးအတွက် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။