(ဃ)-တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ နမ့်ခမ်းဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု နမ့််ခမ်းကျေးရွာရှိ နမ့်ခမ်းချောင်းပေါ်တွင် တောင်သူများ ကိုယ်ထူကိုယ်ထ နှစ်စဉ်ဆောက်လုပ်နေသော ဆည်တစ်ခု ရှိပါကြောင်း၊ အလျား ၁၆၀ ပေ၊ အမြင့် ၁၈ ပေရှိပြီး ဒေသထွက်သစ်၊ ဝါးများဖြင့်ဆောက်လုပ်နေရာမှ ရေကြီးချိန်တွင် ကျိုးပဲ့ကာ ရေထဲမျောပါ လေ့ရှိသဖြင့် တောင်သူများမှ ဘိလပ်မြေများ၊ ကျောက်တုံး ကျောက်ခဲများဖြင့် ကိုယ်ထူကိုယ်ထ တက်နိုင်သမျှ ကြိုးပမ်းတည်ဆောက်ခဲ့ပါသော်လည်း ငွေကြေး အခက်အခဲကြောင့် အပြီးသတ် တည်ဆောက်နိုင်ခြင်းမရှိပါကြောင်း၊ ၎င်းဆည်ကို တောင်သူ ၁၀ ဦးမှ လယ်ယာမြေ ၄၄ ဧက ရေပေးသွင်းနိုင်ရန် အားထားရပါကြောင်း၊ သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ် မိုင်းတောင်းကျေးရွာအုပ်စု ရှိ နမ့်ခမ်းဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိသေးပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။