(င)-ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီး၏ တစ်ချို့လမ်းများတွင် လူသွားစြင်္ကံ၌ တည်ဆောက်ထားသော ဆက်သွယ်ရေးပုံးများကို ပြောင်းရွှေ့ပေးရန်နှင်‌့ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ၊ ယိုင်လဲနေသော တိုင်များကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွ

2020-12-29

 

ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဦးချစ်မောင်လမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းနှင် တစ်ချို့လမ်းများ၏ လူသွားစြင်္ကံပေါ်တွင် ပိတ်ဆို့တည်ဆောက် ထားသော ဆက်သွယ်ရေးပုံးများ (Network Boxes) များကို ပြောင်းရွှေ့ပေးရန်နှင် ရှုပ်ထွေးစွာတပ်ဆင်ထားသော ဆက်သွယ်ရေးကြိုးများ၊ ယိုင်လဲနေသော ဆက်သွယ်ရေးတိုင်များကို စနစ်တကျပြုပြင် တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင် စပ်လျဉ်းသည့်မေးခွန်း

 

အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး မေးမြန်းရသည့် ရည်ရွယ်ချက်က လူသွားစြင်္ကံပေါ်တွင် ဆက်သွယ်ရေးပုံးများ တပ်ဆင်ထားသောကြောင့် အများပြည်သူများက လမ်းမပေါ်မှကွေ့ဝိုက်၍ လျှောက်သွားရခြင်း၊ ယာဉ်အန္တရာယ်မကြာခဏ ကြုံတွေ့နေရခြင်း၊ ဆက်သွယ်ရေးပုံးများ ပြုပြင်ရာတွင် အချိန်ကြာမြင့်စွာ အကာအရံများဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်နေရပါကြောင်း၊ အလွန်ရှုပ်ထွေးများပြားသော ဆက်သွယ်ရေးကြိုးများကို စည်းကမ်းမဲ့လာရောက် တပ်ဆင်ခြင်းကြောင့် မြို့နယ်၏အလှအပကိုလည်း ရုပ်ဆိုးအကျည်းတန် ရုံသာမက အများပြည်သူ၏ နေအိမ်အရှေ့များတွင် ပိတ်ဆို့နေခြင်း၊ မနိုင်ဝန်ထမ်းနေရသော ဆက်သွယ်ရေးတိုင်များ ပြိုလဲခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်နေသဖြင့် အများပြည်သူ အထိန့်တလန့် ဖြစ်နေရပါကြောင်း၊ ထို့အတွက်ကြောင့် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဦးချစ်မောင်လမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းနှင် တစ်ချို့လမ်းများ၏ လူသွားစြင်္ကံပေါ်တွင် ပိတ်ဆို့ တည်ဆောက်ထားသော ဆက်သွယ်ရေးပုံးများ (Network Boxes) များကို ပြောင်းရွှေ့ပေးရန်နှင် ရှုပ်ထွေးစွာ တပ်ဆင်ထားသော ဆက်သွယ်ရေးကြိုးများ၊ ယိုင်လဲနေသော ဆက်သွယ်ရေးတိုင်များကို စနစ်တကျပြုပြင် တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။