(ဆ)-တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ စံပြဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပြီး ဥပဓိရုပ် မကောင်းတော့သည့် ဝန်ထမ်းအိမ်ရာများအား အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

အဖျောက်မြို့သည် စည်းကားသည့် မြို့ဖြစ်ပါကြောင်း၊ မန္တလေးမြို့မှလွဲ၍ မြန်မာပြည်တစ်ပြည်လုံးတွင် ပိဋိကတ်သုံးပုံ ကျောက်စာတိုက်ကြီးရှိပြီး ကျောက်ချပ်ရေပေါင်း ၇၂၀ ကျော်ရှိ အင်မတန် သာသနာထွန်းကားသည့် မြို့ြ့ဖစ်ပါကြောင်း၊ သာသနာရေးထွန်းကားသကဲ့သို့ ပညာရေးတွင်လည်း ထွန်းကားပါကြောင်း၊ အထက်တန်းကျောင်းကြီးနှင့်အပြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ငါးကျောင်း ရှိသည့်အတွက် အနယ်နယ်အရပ်ရပ်ကလာရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများစွာ ရှိပါကြောင်း၊ ထိုကဲ့သို့ နေရာဒေသတွင် အဖျောက်မြို့၏ တိုက်နယ်ဆေးရုံသည် (၁၆) ခုတင်ဆံ့သာ ဖြစ်သည့်အတွက် စောင့်ရှောက်ရသည့် လူဦးရေနှင့် တိုက်နယ်ဆေးရုံသည် မမျှမတဖြစ်နေပါကြောင်း၊ ထို့ပြင် အဆိုပါတိုက်နယ်ဆေးရုံကို ၁၉၇၆ ခုနှစ်က ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ရခြင်းဖြစ်ပြီး သံဃာ့ဆောင်၊ ယောက်ျားအဆောင်၊ မိန်းမအဆောင်၊ မီးဖွားဆောင်၊ ဓာတ်မှန်ဆောင်၊ ECG စက်များ၊ Ultrasound စက်များဖြင့် လိုလေသေးမရှိအောင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားပါကြောင်း၊  (၁၆) ခုတင်ဆံ့ ဆေးရုံဆိုသော်လည်း ခုတင်အလုံး (၅၀) ခန့် ထားပြီး ကုသနေရပါကြောင်း၊ ထို့ကြောင့် ဆေးရုံနှင့်လျော်ညီစွာ တိုက်နယ်ဆေးရုံအဖြစ် ခုတင် (၁၆) ဆံ့မှ (၂၅) ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ေပးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ပြင်  ဆေးရုံကြီး၏ ဝန်ထမ်းအိမ်ရာ များသည်လည်း ကိုလိုခေတ်ကတည်းက ဆောက်ခဲ့သည့်  အဆောက်အဦများ ဖြစ်သည့်အတွက် ပျက်စီးယိုယွင်းလျက် ရှိပါကြောင်း၊  ထို့ကြောင့် ဝန်ထမ်းများ  ကောင်းမွန်စွာနေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။