(ဆ)-တောင်ဥက္ကလာပမြို့နယ်အတွင်း သက်တမ်းကြာနေပြီဖြစ်သော လျှပ်စစ်မီးကြိုးများနေရာတွင် လျှပ်စစ်မီးကြိုးအသစ်များ အစားထိုးဆောင်ရွက်ခြင်းကို မည်ကဲ့သို့သော အစီအစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တောင်ဥက္ကလာပမြို့နယ်အတွင်း သက်တမ်းကြာနေပြီဖြစ်သော လျှပ်စစ်မီးကြိုးများနေရာတွင် လျှပ်စစ်မီးကြိုးအသစ်များ အစားထိုးဆောင်ရွက်ခြင်း ကို မည်ကဲ့သို့သော အစီအစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ထားပါသည်နှင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မည်ကဲ့သို့ စီမံပြင်ဆင်ထားသည်ကိုသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
အယခု မိုးဦးကျအချိန်သည် လေပြင်းတိုက်ခတ်မှုများကြောင့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျခြင်းတို့ ဖြစ်ပွားနေသည့်အချိန် ဖြစ်ပါကြောင်း၊ ဓာတ်ကြိုးပြတ်ကျသည့် အကြောင်းရင်းများထဲတွင် ဓာတ်ကြိုးနှင့်မလွတ်သည့် အပင်/အကိုင်းများကလည်း အကြောင်းအရင်းတစ်ခု ဖြစ်နေပါကြောင်း၊ ၂၀၁၆ ခုနှစ်အထိ လျှပ်စစ်ဌာနသည် လျှပ်စစ်ကြိုးနှင့် မလွတ်သည့် အပင်/ကိုင်းများကို ခုတ်ပါကြောင်း၊ မြို့နယ်စည်ပင်က သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇ ခုနှစ်ကစပြီး မြို့နယ်လျှပ်စစ်ဌာနသည် ဝန်ထမ်းအင်အားမရှိသဖြင့် လျှပ်စစ်ကြိုးနှင့်မလွတ်သည့် အပင်/ကိုင်းများကို ခုတ်ယူခြင်းမရှိတော့ပါကြောင်း၊ မြို့နယ်စည်ပင်က ဆောင်ရွက်နေခြင်းကို တွေ့ရှိရပါကြောင်း၊ မြို့နယ်စည်ပင်အနေဖြင့်လည်း လျှပ်စစ်ကြိုးနှင့်မလွတ်သည့် အပင်/ကိုင်းများ ခုတ်သည့်အခါ လျှပ်စစ်မီးဖြတ်ပေးရန်ကို လျှပ်စစ်ဌာနကို အကြောင်းကြားပြီး ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် မိုးတွင်းကာလမတိုင်မီ လုပ်ငန်းများပြီးစီးနိုင်ခြင်း မရှိသည်ကို တွေ့ရှိနေရပြီး လျှပ်စစ်မီးကြိုးများလည်း မကြာခဏပြတ်ကျမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
ထို့ကြောင့် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် လျှပ်စစ်မီးကြိုးနှင့်မလွတ်သည့် အပင်/ကိုင်းများကို ဌာနအနေဖြင့် ခုတ်ပေးနိုင်ရေးအတွက်ကို မည်ကဲ့သို့ စီစဉ်ထားသည်ကိုလည်း သိရှိလိုပါကြောင်း၊ နောက်တစ်ခုအနေဖြင့် မြို့နယ်တွင်ရှိသည့် လျှပ်စစ်မီးကြိုးများ သက်တမ်းကြာနေပြီ ဖြစ်သဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် Insulated ဝါယာကဲ့သို့သော Cover ပါသော လျှပ်စစ်မီးကြိုးများ လဲလှယ်တပ်ဆင်ပေးရန်လည်း လိုအပ်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ Insulated ဝါယာများအစားထိုး လဲလှယ်ခြင်းအတွက်လည်း မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါသဖြင့် လျှပ်စစ်အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် သိရှိလိုပါကြောင်း မေးမြန်းပါသည်။