(ခ)-ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ်(၁)ရှိ စက်မှုနည်းပညာလေ့ကျင်‌့ရေး သင်တန်းကျောင်း (SITE) အား အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် အဆင်‌့တိုးမြှင်‌့ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

2020-12-29

 

ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) ရှိ စက်မှုနည်းပညာ လေ့ကျင်‌့ရေးသင်တန်းကျောင်းသည် ယခင်က အမှတ် (၁) အခြေခံပညာ ဦးစီးဌာနရုံးချုပ် ဖြစ်ခဲ့ပါကြောင်း၊ အကျယ်အဝန်းအားဖြင့် ၂.၅ ဧကကျော်ရှိပါသည်။ ၉-၇-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်တိုက်တွန်းချက်နှင့်အညီ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင်‌့ လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင်‌့  Sea Lion  ကုမ္ပဏီမှ တာဝန်ရှိ သူများသည် နိုင်ငံအတွင်း စက်မှုသက်မွေးပညာကဏ္ဍ မြှင့်တင်ရေးကိုရည်ရွယ်၍ စက်မှု နည်းပညာ သင်တန်းကျောင်းကို ပူးပေါင်းဖွင်‌့လှစ်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ စက်မှုနည်းပညာ လေ့ကျင်‌့ရေးကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ခေတ်နှင့်အညီ လိုအပ်လျက်ရှိသော Industry Technology  Nation သင်တန်းများကို ပို့ချပေးပြီး ကျွမ်းကျင်လူငယ်များ မွေးထုတ်ပေးရန် Outcome Base Education Training (OBET) နည်းစနစ် လက်တွေ့အကောင်အထည်ဖော်ပြီး လုပ်ငန်းခွင်လိုအပ်သော ကျွမ်းကျင်မှုများကို ချိတ်ဆက်ဖြည့်ဆည်းပေးရန် လက်ရှိနှင်‌့နောင်လာမည့်  Industry Revolution များအတွက် လိုအပ်သည့် Knowledge နှင့် SKill စဉ်ဆက်မပြတ် ဖြည့်ဆည်း မြှင်‌့တင်ပေးရန် တို့ဖြစ်ပါကြောင်း၊

စက်မှုနည်းပညာ လေ့ကျင်‌့ရေးသင်တန်း ကျောင်းကိုနှစ်တို၊ နှစ်ရှည်မွမ်းမံပြင်ဆင်မှုများနှင့် တည်ဆောက်ရေး လုပ်ငန်းများကို တိုးချဲ့တည်ဆောက် ခဲ့ပါကြောင်း၊ ၈-၆-၂၀၁၈ ရက်နေ့တွင် ကျောင်းကို စတင်ဖွင့်လှစ်ပြီး ပထမနှစ်တွင် သင်တန်းနှစ်ခုကို စတင်ပြီးသင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ ဒုတိယနှစ်တွင် သင်တန်းငါးခုကို တိုးချဲ့သင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ ယခုတတိယနှစ်တွင် သင်တန်း ခုနစ်ခုကို ဆက်လက်သင်ကြားပေးနေဆဲ ဖြစ်ပါကြောင်း၊ လက်ရှိကျောင်း၏ ဖွဲ့စည်းပုံဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ စာတွေ့၊ လက်တွေ့သင်ကြားနေမှု မှတ်တမ်းများ ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ  လက်တွေ့သင်ကြားနေသော မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါကြောင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) ရှိ စက်မှုနည်းပညာလေ့ကျင်‌့ရေး သင်တန်းကျောင်းအား အစိုးရစက်မှုလက်မှု သင်တန်းကျောင်းအဖြစ် အဆင်‌့တိုးမြှင်‌့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။