(ဆ)-ဖလမ်းမြို့ ခုတင်(၂၀၀)ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်ရန်နှင့် ၎င်းနှင့်ပတ်သက်သော အထူးကုဆရာဝန်(ဆေးပညာ)ခန့်ထားရန်၊ အထွေထွေရောဂါကု ဆရာဝန်သမားတော်နှ(ဆ)-င့် လက်ထောက် ဆရာဝန်ခန့်ထားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

ချင်းပြည်နယ်၊ ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်နိုင်ခြင်းမရှိသေးခြင်း၊ အထွေထွေရောဂါကု သမားတော်မရှိခြင်း၊ လက်ထောက်ဆရာဝန် များလည်း သုံးဦးသာရှိသဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း။

ချင်းပြည်နယ်၊ ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ခွင့်ပြုချထားပြီး ဖြစ်သော်လည်း ယနေ့အထိ တပ်ဆင်နိုင်ခြင်းမရှိသေးပါကြောင်း၊ အဆိုပါ ကျောက်ကပ် သန့်စင်စက်အတွက် လိုအပ်သောရေရရှိရေးကိစ္စကို မြို့နယ်စည်ပင်ကတာဝန်ယူပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် အခန်းပြင်ဆင်ရေးအတွက် လိုအပ်ချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချထားပေးပြီးဟု သိရှိရပါကြောင်း၊ သို့ရာတွင် ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ရေသန့်စင်စက် Ro Machine တပ်ဆင်ရန်နှင့် ၎င်းနှင့်ပတ်သက်သော အထူးကုဆရာဝန် (ဆေးပညာ)ခန့် ထားပေးရန် လိုအပ်လျက်ရှိနေသေးပါကြောင်း၊ ၎င်းဒေသမှ ကျောက်ကပ်နှင့်ပတ်သက်သော လူနာများတွင် ယခုအချိန်တွင် ရန်ကုန်-မန္တလေး စသောမြို့ကြီးများသို့ သွားရောက်ကုသနေပါ သဖြင့် အချိန်ကုန်၊ ငွေကုန် လူပင်ပန်းစသည်တို့ ရင်ဆိုင်နေရပါကြောင်း၊ ထို့အပြင် ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အထွေထွေရောဂါကုသမားတော်လည်း မရှိ၊ လက် ထောက်ဆရာဝန်သုံးဦးသာရှိသဖြင့် လုံလောက်သောဆေးကုသမှု မပေးနိုင်သော အခြေအနေ တွင်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နံပါတ်(၁) ကျောက်ကပ်သန့်စင်စက်တပ်ဆင်ပေးရန်နှင့် ၎င်းနှင့်ပတ်သက်သော အထူးကုဆရာဝန် (ဆေးပညာ)ခန့်ထားပေးရန်၊ နံပါတ်(၂) အထွေထွေရောဂါကုဆရာဝန်သမားတော် ခန့်ထားပေးရန် နှင့် လက်ထောက်ဆရာဝန်များ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။