(ဆ)- ကော့သောင်းမြို့တွင် အိမ်ရာမြေကွက်များကို စီမံကိန်းဖြင့် ဖော်ဆောင်နေသူများသည် မိမိတို့ ဖော်ဆောင်နေသည်‌့ အိမ်ရာမြေကွက်များကို မည်သည်‌့ကာလတွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

ကော့သောင်းမြို့တွင် ဧရိယာမြေကွက်ဖော်ဆောင်ခြင်းကို စီမံကိန်းဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်ကို တာဝန်ယူ ထားသူများနှင့် ကော့သောင်းမြို့နယ်ရှိ လုပ်ငန်းရှင်သုံးဦးတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်ပါကြောင်း၊  ယခုလိုဖော်ဆောင်သည့်နေရာတွင် မြေကွက်တစ်ကွက်ကို ၄၀ ပေ၊ ၆၀ ပေ၊ ၃၀ ပေ၊ ၅၀ ပေနှင့် သတ်မှတ်ဖော်ဆောင်ပြီး မြေကွက် ၁၀ ကွက်ဖော်ဆောင်တိုင်း နိုင်ငံတော်မှ နှစ်ကွက်၊ ဖော်ဆောင်သူက ရှစ်ကွက်၊ နောက်ပြီး မြေကွက် ၁၀ ကွက်ဖော်ဆောင်တိုင်း နိုင်ငံတော်က သုံးကွက်နှင့် ဖော်ဆောင်သူက သုံးကွက်နှုန်းနှင့် နှစ်ဖက်သဘောတူ၊ အကျိုးတူ ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း၊ မြေကွက်ဖော်ဆောင်သည့်နေရာတွင် အောင်သုခရပ်ကွက် မြေကွက် ဖော်ဆောင်ရေးကို ဦးမာမန်း ကဖော်ဆောင်ခြင်းဖြစ်ပြီး ကျောင်းမြေနေရာ၊ ဈေးမြေနေရာ၊ ပန်းခြံမြေနေရာ၊ ဆေးပေးခန်းမြေ နေရာတို့ကို နိုင်ငံတော်အတွက် ဖော်ဆောင်ရန်တာဝန်ယူရပါကြောင်း၊ စီမံကိန်း ကာလမှ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်ဖြစ်ပါကြောင်း၊ စီမံကိန်းကာလပြီးဆုံးသွားသော်လည်း မိမိတို့ဖော်ဆောင် နေသည့် ဈေးကိုစည်ပင်သို့အပ်နှံခြင်းမရှိသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို စည်ပင်ခွန် စီစဉ်ချိန်မရှိပါကြောင်း၊           နောက်တစ်ခါ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင်အိမ်ရာမြေကွက်ကို ဦးတင်မြင့် အမိမြေက ဖော်ဆောင်ပြီး စီမံကိန်းကာလမှ ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ အေးရိပ်ငြိမ် ရပ်ကွက်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာမြေကွက်နှင့် စက်မှုဇုန်(၁)နှင့် စက်မှုဇုန်(၂)ကို ဦးကျော်ငြိမ်း က ဖော်ဆောင်ပြီး စီမံကိန်းကာလမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်ထိ ဖြစ်ပါကြောင်း၊ မြေကွက် ဖော်ဆောင် သည့်ရပ်ကွက်များက စည်ပင်ဧရိယာတွင်ကျရောက်ပြီး အဆောက်အဦခွန်နှင့် အညစ်အကြေးခွန်ကို စည်ပင်ကရရှိသော်လည်း ၎င်းတို့ဖော်ဆောင်ခဲ့သည့်လမ်းကြမ်းကို စည်ပင်သာယာ၏ ဘဏ္ဍာငွေမှ နေပြီး လမ်းချောဖြစ်အောင် ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်ပါကြောင်း၊ ဒီနေရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၇ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည်‌ မြေအားလုံး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် လေထုအတွင်းရှိ သယံဇာတပစ္စည်းများ၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် မြေကွက်များကို ဖော်ဆောင်နေသူများသည် မြေကွက်များကိုလက်ရှိထားပြီး စီမံခန့်ခွဲနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်အပြင် မြေကွက်များကို နိုင်ငံတော်ကိုစည်ပင်ခွန် စီးဆင်းခြင်း လည်းမရှိပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝင်ငွေခွန်တိုးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရန်အတွက် ကော့သောင်းမြို့အတွင်း မြေကွက်များကို စီမံကိန်းအဖြစ် ဖော်ဆောင်နေသူများကို မိမိတို့ဖော်ဆောင်နေသည်‌့ မြေကွက်များကို နိုင်ငံတော်သို့ မည်သည်‌့ကာလတွင် အပ်နှံမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။