(င)-ဓားမဦးချလယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်းနယ်မြေများကိုပါ ငါးကန်အဖြစ် တူးဖော်ပြီးလုပ်စားနေသူနှင့် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်းကို ဖြေလိုက်သည့်အခါ မိမိတို့ ပြဿနာနှစ်ခုကို ဖြေရှင်းပြီး ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ တိုက်ကြီးမြို့နယ်တွင် အထရောင်ကျေးရွာ အုပ်စုသည် လှိုင်မြစ်၏ လက်တက်၊ ပကွန်မြစ်၏ ဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ ကျေးရွာ အုပ်စုတစ်ခုလုံးသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အမှီပြုပြီး စိုက်ပျိုးလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း။
ပကွန်မြစ်၏ ဘေးတွင် အထရောင် ကျေးရွာ ရှိကြောင်း၊ ပကွန်မြစ်၏ ကမ်းနဖူးဘေတွင် မြေအမြင့်ရှိသည့်အတွက် ထို့နေရာတွင် လယ်မြေများအဖြစ် စိုက်ပျိုးခဲ့ရကြောင်း။ လယ်မြေများအဖြစ် ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်လာသည့်အတွက် ပြေစာပေါက် လယ်မြေများ ဖြစ်လာကြောင်း၊ ၎င်းလယ်မြေများကို အထရောင်ကျေးရွာရှိ တောင်သူ ၃၀ ဦး ပိုင်ဆိုင်သည့် လယ်မြေများကို ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်ခန့်တွင် လုပ်ငန်းရှင်ကြီး တစ်ဦးမှ ဧကတစ်ထောင် ငါးကန်တူးဖော်ရန်အတွက် အမိန့်ရရှိသည်ဟုဆိုပြီး လယ်မြေများကို ငါးကန်များ တူးဖော်လိုက်ကြောင်း၊ တူးဖော်လိုက်သည့် အချိန်တွင် တောင်သူ လယ်သမားများသည် လယ် မလုပ်ရတော့ကြောင်း၊ ငါးရှာ၊ ဖားရှာဖြင့် လုပ်သည့် အချိန်တွင် တစ်ဖက်က ဂရန်အင်းများက ရှိသည့်အတွက် ရှာရန်၊ ဖွေရန် မရကြောင်း၊ ထို့ကြောင်း ၎င်းဒေသရှိ လူများသည် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ကိုင်ပြီး အလုပ် အကိုင်များ ဆုံးရှုံးရခြင်းမျိုး ဖြစ်ရကြောင်း။ ထို့အတွက် ၎င်းလယ်မြေများသည် ပြေစာပေါက်လယ်မြေ များကို ငါးလုပ်ငန်းဦးစီးဌာနမှ ဧကတစ်ထောင် ငါးကန်တူးဖော်ရန်(လန-၃၉)ကို ချပေး လိုက်သည်ဟု ဆိုကြောင်း။
သို့သော် ၎င်းနေရာတွင် ပြေစာပေါက် လယ်သမားများ၏ လယ်မြေများနှင့် တောင်သူ ၃၀ ၏ ဧကနီးပါး ဧက ၃၀၀ ခန့် အသိမ်းခံလိုက်ရကြောင်း၊ အသိမ်းခံလိုက်သည့် ကိစ္စကို အခု လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီ မိမိ၏မြို့နယ်မှ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအဖွဲ့များက စစ်ပြီးကြောင်း၊ တကယ် မှန်ကန်ကြောင်း၊ ၎င်းတောင်သူ လယ်သမားများ လယ်ယာ မြေများ ဆုံးရှုံးသွားကြောင်း၊ ဆုံးရှုံးသွားသည် လယ်မြေများကို လယ်မြေဖြစ်ကြောင်း မသိကြသည့်အတွက်လို့ ၎င်းလယ်မြေများ ပေါ်တွင် ငါးကန်များ တူးသည်။ ငါးကန်များ တူးလိုက်သည့် လယ်မြေများ၏ အဆုံးတွင် ဂရန်အင်းရှိကြောင်း၊ ၎င်းဂရန်အင်းသည် ငါးကန်များ တူးလိုက်သည့်အတွက် ဂရန်အင်းသည် မည်ကာမတ္တသာ ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်မှ ရရှိမည့် ဂရန်အင်းခွန်များ အများကြီး လျော့နည်းသွားမည်၊ အင်းသည် ဂရန်အင်း နယ်မြေကျဉ်းသွားမည်။ ထို့အတွက် ဧကတစ်ထောင်တူးရန်အတွက် လုပ်လိုက်သည့်အချိန်တွင် အင်းဂရန်ကို ဆွဲသည့် ပုဂ္ဂိုလ်များနှင့် ငါးကန်တူးသည့် ပုဂ္ဂိုလ်များသည် ပြဿနာ ဖြစ်သွားကြောင်း၊ ၎င်းဂရန်အင်း တစ်ခုကို မိမိတို့ ရေဝင်၊ ရေထွက်ချောင်းများ ပိတ်ပြီး တူးလိုက်ကြောင်း၊ ချောင်းဘေးတွင် ရှိသည့်ကို ငါးကန်များ တူးလိုက်သည့် အချိန်တွင် ချောင်းများ ပိတ်ပြီး တူးလိုက်သည့် အချိန်တွင် ဂရန်အင်းသမားနှင့် ပြဿနာ ဖြစ်ကြောင်း၊ အလယ်ခေါင်တွင်ရှိသည့် ဂရန်အင်းမှ ရေများကို ငါးကန်တူးသည့် ပုဂ္ဂိုလ်များက ချောင်းများ ပိတ်ပြီး တူးပြီး ဆိုပါနေရာမှ ငါးကန်ထဲရှိ ရေထုတ်သည်ကို အကြောင်းပြပြီး ငါးများ ဖမ်းသွားကြောင်း၊ ဖမ်းသွားသည့်အချိန်တွင် ဂရန်အင်းသမားသည် ငုတ်တုတ် ထိုင်ကြည့်နေရကြောင်း၊ အင်းသမားက ၎င်းဂရန်ဆွဲထားသည့် သိန်း ၈၀ ဖြင့် ဂရန်ဆွဲထားသည့် အင်းသမား ဆုံးရှုံးနစ်နာသွားကြောင်း၊
ထို့အတွက် ရေချိုငါးလုပ်ငန်းဥပဒေတွင် မိမိတို့ ပြဋ္ဌာန်းထားသည့်အချက်မှာ ဂရန်အင်းများ အတွင်းတွင် ငါးမွေးကန် တူးဖော်မှုကြောင့် နိုင်ငံပိုင် ဂရန်အင်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် ငါးမွေးကန်များ အသစ် တူးဖော်ခြင်း၊ ငါးမွေးကန်အသစ်များ လျှောက်ထားခြင်း တို့ကို တားဆီးရမည် ဟု ဖော်ပြထားကြောင်း၊ ထို့အတွက် ဥပဒေများနှင့် မကိုက်ညီသည့် ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်က လုပ်ခဲ့တဲ့ကိစ္စများသည် ဓားမဦးချ ပြေစာ ပေါက်လယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်း နယ်မြေများကိုပါ ရေနက်ကွင်း၊ ရေမြုပ်ငါးကန်အဖြစ် တူးဖော်ပြီး ငါးရိုင်းများ သွင်း၍ လုပ်စားနေသူနှင့် လေလံအောင် အင်းသမားတို့ အငြင်းပွားနေမှုတွင် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။