(က)- ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ လက္ခဏ ကျေးရွာ၊ ဝါဂွမ်းလှိုင်ထိပ်ကွင်း၊ ကွင်းအမှတ်(၁၁၂၅၊ ၁၁၂၆၊ ၁၁၂၈)ရှိ အမည်ပေါက် လယ်မြေ များအား ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းယူထားသော ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ လက္ခဏ ကျေးရွာ၊ ဝါဂွမ်းလှိုင်ထိပ်ကွင်း၊ ကွင်းအမှတ်(၁၁၂၅၊ ၁၁၂၆၊ ၁၁၂၈)ရှိ အမည်ပေါက် လယ်မြေ များအား ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်း သည်‌့မေးခွန်း

မိမိမေးခွန်းကို မူလပိုင်ရှင် ဦးစောခင်လှမြိုင်ပါ ၈၄ ဦးကလည်း ယခင်အစိုးရလက်ထက် ကတည်း က တင်ပြတိုင်ကြားခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင်လည်း ထပ်မံတင်ပြတိုင်ကြားလာ သည့်အတွက် ဘားအံမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက စိစစ်တွေ့ရှိချက်အစီရင်ခံစာကို ခရိုင်/ပြည်နယ်/ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်ကို ရောက်ရှိသွားပြီလည်း ဖြစ်ပါကြောင်း၊

မိမိပါဝင်သော ဘားအံမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီ၏ ကွင်းဆင်းစိစစ်တွေ့ရှိချက် အစီရင်ခံစာဖြစ်ပါကြောင်း၊ လယ်မြေသိမ်းဆည်းခံရသူ တောင်သူ ၈၄ ဦးကလည်း တင်ပြထားမှုများကြောင့်  လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုပြန်လည်စိစစ်ရေးဗဟိုကော်မတီက ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီကို စိစစ်ဆောင်ရွက်မှုအား ပြန်လည်တင်ပြရန် အကြောင်းကြားစာ ပေးပို့ထားပါကြောင်း၊ ဗဟိုလယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီ၏ တင်ပြပေးမှုကြောင့် ကရင်ပြည်နယ် လယ်ယာမြေသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီကို ဆောင်ရွက်ပြီးစီးမှု တင်ပြပေးရန် တစ်ဆင့်အကြောင်းကြားစာ ပေးပို့ထားပါကြောင်း၊

မြို့နယ်မှ ခရိုင်၊ ခရိုင်မှ ပြည်နယ် အဆင့်ဆင့်ကို ကွင်းဆင်းစိစစ်ဆောင်ရွက်များ ပြုလုပ်ခဲ့ပါ ကြောင်း၊ ဗဟိုလယ်ယာ‌မြေနှင့် အခြားမြေသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီက ခရိုင်/ ပြည်နယ်/ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြရန်လည်း အကြောင်းကြားစာများ ပေးပို့ခဲ့ပါကြောင်း၊ သို့ သော်လည်း အဆိုပါမြေယာကိစ္စသည် ဗဟိုမှ ပြည်နယ်၊ မြို့နယ်၊ မြို့နယ်မှ ဗဟိုအထိ အောက်ခြေမှအထက် အထက်မှ အောက်ခြေအထိ အဆင့်ဆင့်တင်ပြမေးမြန်းစိစစ်ခြင်းလည်း သုံးနှစ်ကျော်နေပြီဖြစ်ပါကြောင်း၊ ယခုထိ မရှင်းလင်းပေးနိုင်သေးပါသဖြင့် တောင်သူလယ်သမား များမှ ကျေနပ်မှုမရှိခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ရပ်အဖြစ် လယ်ယာမြေကို မှီခို အားထားနေရသည့်အတွက် ပြန်လည်လုပ်ကိုင်လိုကြောင်း တင်ပြလာခြင်းကြောင့် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။