(င)-လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်နှင့် လုံလောက်စွာရရှိနိုင်ရေးအတွက် အရန်ပမာဏ ထားရှိနိုင်ရန်အထိ တိုးမြှင့်ထုတ်လုပ်ခြင်းကို စီမံကိန်းချလုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်ပြီး လျှပ်စစ်ထုတ်လုပ်မှုသည် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ခြင်းမရှိခြင်းကြောင့် အလှည့်ကျဓာတ်အားပေးမှုများကို ပြုလုပ်ခဲ့ရပါ ကြောင်း၊ ဇူလိုင်လတွင် ရွှေလီမှာ စက်တစ်လုံး ချို့ယွင်းပြီး၊ အလုံတွင်လည်း Toyo Thai တစ်လုံးချို့ယွင်း သည်ဆိုပြီး ထုတ်လုပ်မှုပြဿနာများရှိသည့်အလျောက် အလှည့်ကျ ဓာတ်အားဝန်လျှော့ဖို့လုပ်ပြီး ဖြတ်တောက်မှု များကိုလည်း ဇူလိုင်လ ၂၃ ရက်နေ့၊ ဇူလိုင်လထဲမှာ လည်း မိမိတို့ လုပ်ခဲ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးရွာနေပြီဆိုသော်လည်း ရေအားလျှပ်စစ်တွေကို ဆည်များတွင် ရေဝင်ရောက်မှု အခြေ အနေမှ နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် ၂၀၂၀ ခုနှစ် နွေရာသီတွင် ရေအား များလျော့နည်းနေမည်ဖြစ်သည့်အတွက် ရေအားတစ်ခုတည်းနှင့် မှီခို၍မရဘဲ ထုတ်လုပ်ရေး အပိုင်းများကို တခြား Generation များနှင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ဆောင်မှသာလျှင် လာမည့်ရှေ့နှစ်များ တွင် မီးကောင်းမည်ဖြစ်ပါကြောင်း၊ များသောအားဖြင့် ခေတ်မီတိုးတက်သော နိုင်ငံများ တွင် လျှပ်စစ်ကို ပြည်သူလူထုသုံးစွဲသည်ထက်ကို ပိုပြီး အရန်ပမာဏအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ ပြည်သူလူထ၏ သုံးစွဲမှုသည် အတိအကျတွက်ချက်ရန် ခက်ခဲသည့်အတွက် ခန့်မှန်း ခြေတွက်ချက်ပြီး ခန့်မှန်းခြေထက်ပိုပြီးလုပ်နိုင်မှသာ မိမိတို့နိုင်ငံသည် ခေတ်မီတိုးတက်ပြီး လျှပ်စစ်၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ကောင်းမွန်သည့်နိုင်ငံဖြစ်မည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ က ဆွေးနွေးသည့်အခါ လျှပ်စစ်ရရှိမှုအခက်အခဲများကြောင့် Investors များ ဝင်ရောက်မှုမှ အခက်အခဲရှိနေ သည် သိရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်နှင့် ရှေ့လာမည့် နှစ်များတွင် လျှပ်စစ်ပြတ်တောက်မှုမရှိစေရန်နှင့် လုံလောက်စွာသုံးစွဲနိုင်ရန် အတွက် အရန်ပမာဏအထိ ထားရှိနိုင်ရန် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်ရေးလုပ်ငန်း များကို မည်ကဲ့သို့စီမံကိန်းချပြီး ဆောင်ရွက်နေသည် ကို သိရှိလိုပါကြောင်းနှင့် ထုတ်လုပ်ရေးကို မည်သို့တိုးချဲ့ မည်ဆိုသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။