(ဃ)-ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစား ရေအားလျှပ်စစ် စက်ရုံအား ဓာတ်အား တိုးမြှင့်ထုတ်လုပ် ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(ဃ)-ဒေါ်တင်တင်ရီ (ကျွန်းစု မဲဆန္ဒနယ်)
ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစား ရေအားလျှပ်စစ် စက်ရုံအား ဓာတ်အား တိုးမြှင့်ထုတ်လုပ် ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိမေးမြန်းလိုသည့် မေးခွန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစားရေအားလျှပ်စစ် စက်ရုံအား ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်း သွားမည်ဖြစ်ကြောင်း၊ ယခုမေးခွန်းကို မေးမြန်းရသည့် အကြောင်း အရင်းသည် ကျွန်းစုမြို့နယ်၊ ကတ္တလူ အသေးစား ရေအားလျှပ်စစ်စက်ရုံကို ၁၉၈၉ ခုနှစ်တွင် စတင် တည် ဆောက်ပြီး ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာနှစ်ရွာနှင့် ရေတပ်စခန်း ဌာနချုပ်တစ်ခု၊ ကျွန်းစုသို့ Generator Graph အား ၆၀ ကီလိုဝပ်အား တစ်နှစ်လျှင် ခြောက်လခန့် ထုတ်လုပ်ခဲ့တွင် ၅၀ ကီလို ဝပ်ခန့်သာ ရရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အကျယ် ၁၄၀ ပေ ၊ ၂၇ ပေ၊ ၉ လက်မ၊ ၆၈ ပေ ၃ လက်မ ရေပို ရေလွှဲ ကျောက်စီကွန်ကရစ် တမံသုံးခုအနက် နှစ်ခုအား ၇၅ ကီလိုဝပ် အစားထိုးတပ်ဆင်ခဲ့တွင် ၂၀၀ ကီလို ဝပ်အနက်မှ ၁၆၀ ခန့် ကိုသာ အသုံးပြုနိုင်ခဲ့ကြောင်း၊
ထို့နောက် ၂၀၁၄ ခုနှစ်တွင် မြို့ပြမီးလင်းရေးကော်မတီမှ စတင်လွှဲပြောင်းဆောင်ရွက်ပြီး ၅၀ ကီလိုဝပ် တစ်လုံး၊ ၁၀၀ ကီလိုဝပ်တစ်လုံးနှင့် ၁၂၀ ကီလိုဝပ်တစ်လုံး စုစုပေါင်း ၂၇၀ ကီလိုဝပ်တွင် ၂၄၀ ကီလိုဝပ်ခန့် ကိုသာ မြို့တွင် ခြောက်လခန့် အသုံးပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရေတံခွန် အထင်ကရ ၂၄၀ ပေ၊ ၂၇ ပေ၊ ၉ လက်မ၊ ၆၀ ပေ ၃ လက်မ ဆည်တစ်ခုကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ယင်းအသေးစား ရေအားလျှပ်စစ် စက်မှုထုတ်လုပ်မှုသည် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီ ဖြစ်သည့်အတွက် ရေသွယ်မြောင်း များ၊ ရေထိန်းကန်၊ ရေပိုရေလွှဲ၊ မီးအားမြှင့် ရေပိုက်လိုင်း၊ Generator နှင့် တာဘိုင်များကို အကြိမ်ကြိမ် ပြုပြင်ထိန်းသိမ်းခဲ့ရကြောင်း၊ မီးအားမြှင့် ရေပိုက်လိုင်းများကို ပြုပြင်ဖာထေးနေရသဖြင့် အန္တရာယ် ကြီးမားသည့် အပြင် ထုတ်လုပ်ဖြန့်ဖြူးမှုတွင် ထိခိုက်နေရကြောင်း၊
ထို့ကြောင့် အထက်မှ ပိုလျှံကျလာသည့် ရေများအား အထက်ဖော်ပြပါ Generator Press Float တစ်လုံးကို ၂၅၀ ကီလိုဝပ် သုံးလုံးကို အစားထိုး တည်ဆောက်ပေးနိုင်မည် ဆိုပါက ပိုလျှံကျလာသည့် ရေများ အလဟ ဿ ဆုံးရှုံးမှု မရှိသည့်အပြင် တိုးပွားလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုလည်း လုံလောက်မျှတစွာ အသုံးချသွားနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ အသေးစား ရေအားလျှပ်စစ်ကို ၇၅၀ ကီလိုဝပ်အထိ တိုးမြှင့်ထုတ်လုပ်ရန် ပြုပြင်ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။