(ဂ)-မြို့သစ်မြို့နယ်၌ ပြည်ထောင်စု ရန်ပုံငွေဖြင့် အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် တင်ဒါလုပ်ငန်းများ အချိန်မီ ပြီးစီးရန်နှင့် ဒီဇိုင်းများ ပိုမိုပြည့်စုံစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

တင်ဒါလုပ်ငန်းစဉ်များကို ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းခဲ့ကြသည့်အတိုင်း စက်တင်ဘာလနောက်ပိုင်း သုံးလအတွင်းတွင် အပြီးဆောင်ရွက်နိုင်စေရန် မျှော်လင့်ခဲ့ကြသော်လည်း ဖြစ်မလာသည့်အပြင် မိုးတွင်းဖြစ်သည့် မေလနှင့် ဇွန်လလောက်မှ တင်ဒါအောင်မြင်ကြသည့်အတွက် လမ်းမကောင်းသည့် ကျေးရွာ များတွင် ပစ္စည်းသယ်ရန်အခက်အခဲရှိခဲ့ကြောင်း၊ ထို့အပြင် ကွန်ကရစ် အဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် ကွန်ကရစ် အစိတ်အပိုင်း တစ်ခုချင်းအလိုက် ခံနိုင်ရည်မရှိမီ နောက်ထပ်အစိတ်အပိုင်းတစ်ခုကို ထပ်မံထည့်သွင်း တည်ဆောက်ခြင်းကြောင့်လည်းကောင်း၊ သဘာဝအတိုင်းရှိနေ သည့် မြေကြီးကို ခံနိုင်ဝန်ပြုပြင်ခြင်းနှင့် လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းမရှိဘဲ အဆောက်အဦကို တည်ဆောက်ခဲ့ကြသည့်အတွက် မိမိတို့ပတ်ဝန်းကျင်တွင် ဥပဓိရုပ်များ ကျဆင်းခြင်းနှင့် အခြားမလိုလားအပ်သည့် ဆိုးကျိုးများဖြစ်နေသည်ကို တွေ့မြင်နေကြရကြောင်း၊ ထို့အပြင် မိမိတို့ အစိုးရလက်ထက်တွင် ဘက်ပေါင်းစုံက တိုးမြှင့်လာသည့် ဘဏ္ဍာငွေ အရအသုံး ဘတ်ဂျက်ရှိ ၂၀၁၅-၂၀၁၆ တွင် ကျပ် ဘီလီယံ ၂၀၀၀၀ ခန့်သာ ရှိခဲ့ရာ ၂၀၁၉-၂၀၂၀ တွင် ကျပ်ဘီလီယံ ၃၀၀၀၀ ကျော်ခန့်သုံးနိုင်ရန် ဆောင်ရွက်နေပြီး လမ်း၊ တံတားနှင့် အဆောက်အဦများ အများဆုံး အသုံးပြုနိုင်ရန်အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ဘီလီယံ ၃၀၀၀ ကျော်မှ ယနေ့ ဘီလီယံ ၇၀၀၀ ကျော်ခန့်ထိ တိုးမြှင့်သုံးစွဲရန် ဆောင်ရွက်နေသည့် ကာလလည်း ဖြစ်ကြောင်း၊ ထို့အတွက် တင်ဒါလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရန် နည်းလမ်းရှိလိမ့်မည်ဟု မျှော်လင့်၍ မေးရခြင်း ဖြစ်ကြောင်း၊

နောက်ထပ်မေးလိုသည့် မေးခွန်းသည် ဒီဇိုင်းများ ယခုထက် အသေးစိတ် ကျကျရေးဆွဲချထားပေးရန် အစီအစဉ်ကို မေးမြန်းလိုကြောင်း၊ ၂၀၁၆-၂၀၁၇ ရှိ ဒီဇိုင်းနှင့် ၂၀၁၆-၂၀၁၇ တွင် တည်ဆောက် ခွင့်ရခဲ့သည့် Foundation ၏ ဒီဇိုင်နှင့် Foundation ကို လက်တွေ့တည်ဆောက်နေသည့် အခြေအနေများကို တင်ပြလို ကြောင်း၊ မိမိတို့ ဒီဇိုင်းတွင် ပြည့်ပြည့်စုံစုံ မပါရှိသော်လည်း ညာဘက်ထောင့်တွင် Structure ပိုင်းတွင် နပ်သုံးပြီး Flat ပြားခံပြီး သေချာတိုင်းသည့် ဒိုင်းပြားများကို ကျကျနနဆောင်ရွက်ထားခြင်းများ ရှိကြောင်း၊ တချို့ကုမ္ပဏီများသည် တိုင်ထိပ် ပေါ်တွင်တင်ပြီး ဖြစ်ကတတ်ဆန်း တည်ဆောက်ထားခြင်းများ ရှိကြောင်း၊ ထို့ကြောင့် သတ်မှတ်ဒီဇိုင်းများတွင် ရေရာမှုမရှိသည့်အတွက် တချို့ကုမ္ပဏီများသည် စေတနာဖြင့် ကျွမ်းကျင်မှုဖြင့် မူတည်ဆောင်ရွက်ကြောင်း၊ ပြီးခဲ့တဲ့တစ်ပတ်က ကုမ္ပဏီတော်တော်များများ ဒေဝါလီခံကုန်သည့် ဒီဇိုင်းတွင် Foundation တွင် အားလုံး ၆ ပေမှ ပေးထားကြောင်း၊ လက်ရှိတွင် ၆ မူးသံ ရှစ်ချောင်းပေးပြီး Footing ခံပြီး တိုင်လောင်းစေကြောင်း၊

၂၀၁၇-၂၀၁၈ တွင် ပြီးခဲ့သည့် ဒီဇိုင်းနှင့်တကွ တည်ဆောက်ထားသည့် Foundation ဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၆-၂၀၁၇ နှင့် မတူကြောင်း၊ သံချောင်းခြောက်ချောင်း သာ ပါတော့ကြောင်း၊ အထက်တွင် ဖော်ပြသည့်အချက်နှင့် မတူကြောင်း၊ ထို့ကြောင့် မိမိတို့က သုံးကြိမ်မြောက်ဆောက်သည့် အဆောက်အဦများ၏ ဒီဇိုင်းသည် သုံးကြိမ်လုံး မတူသည့်ကိစ္စအပါအဝင် ဒီဇိုင်းများသတ်သတ်မှတ်မှတ် တည်ရှိပေးရန်၊ သတ်မှတ်ပေးရန် မေးမြန်းပါသည်။