(င)-အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာ တောင့်တင်းအောင် မည်သည့် ကိစ္စများ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-29

အမျိုးသား ကျန်းမာရေး စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသား ကျန်းမာရေး စီမံကိန်းသည် မည်သည့် အခြေအနေသို့ ရောက်ရှိသည်နှင့် စီမံကိန်းတွင်ပါသည့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာတောင့်တင်းအောင် မည်သည့်ကိစ္စများ ဆောင်ရွက်ပြီးစီးသည်ကို သိလိုခြင်းဖြစ်ကြောင်း၊ Myanmar New Agency မှ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံက Commitment ပေးထားကြောင်း၊ Universal Health Coverage ကို (Commitment) ကတိပေးထားကြောင်း၊ ကတိကဝတ်ပါသည့် Universal Health Coverage နှင့် National Health Plan ဖြစ်ကြောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်းသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် စခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် ဘဏ္ဍာရေးနှစ် လေးနှစ် ကာလအတွင်းတွင် အကောင်အထည်ဖော်ရမည့် စီမံကိန်း ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်နှစ်နှင့် လေးလ ကျော်လာပြီးဖြစ်ကြောင်း၊ ယခင်ကျန်းမာရေး စီမံကိန်းနှင့် မတူဘဲ အားလုံး လက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပန်းတိုင်ကို ဦတည်သည့်အတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များက ကောင်းမွန်သည့် စီမံကိန်းဟု အသိအမှတ် ပြုခဲ့ကြောင်း၊ ၎င်းစီမံကိန်းသည် လူတိုင်းလူတိုင်းအတွက် အခြေခံကျသည့် ကျန်းမာရေး ဆောင်ရွက်မှု အစုအဝေး (Basic Essential Package of Health Services) ကို ၂၀၂၁ ခုနှစ်တွင် ရရှိစေရန် ဆောင်ရွက်မည်ဟု ပါကြောင်း၊ စီမံကိန်းသည် နိုင်ငံရေးအရ နိုင်ငံတော်၏ ကတိကဝတ်ဖြစ်သည့်အတွက် အလွန်အရေးကြီးကြောင်း၊ အရမ်း အရေးကြီးကြောင်း။ အထူးသဖြင့် လက်ရှိအချိန် ဖြစ်ကြောင်း၊ ပြည်သူတို့က ခါးစည်းခံရသည့် ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းရန် ဖြစ်ကြောင်း၊ Universal Health Coverage ပန်းတိုင်သည် ကုလသမဂ္ဂက ချမှတ်ထားသည့် Sustainable Development Goals များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ ၎င်းပန်းတိုင်သည် ၂၀၃၀ ခုနှစ်မတိုင်မီ ပြည့်မီအောင် ကတိကဝတ်ထားသည့် နိုင်ငံသည် မြန်မာနိုင်ငံဖြစ်နေကြောင်း၊ လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုသည် လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများကို ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး မရှိစေဘဲ ရရှိစေရန် ရည်ရွယ်ထားသည့် စနစ် ဖြစ်ကြောင်း၊ Myanmar National Health Accounts ၏ စစ်တမ်းအရ ပြည်သူများ၏ ကျန်းမာရေးအတွက် အိပ်စိုက်ထုတ်ငွေ အသုံးစရိတ်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ကျန်းမာရေး အသုံးစရိတ်သည် 74 Percent ရှိတယ်ဟု ဖော်ပြပါကြောင်း၊ အိမ်နီးနားချင်း နိုင်ငံနှင့် ယှဉ်ပါက အလွန့်အလွန် များပြားသည့် ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဆင်းရဲလျက်ရှိသည့် နိုင်ငံ ဖြစ်ကြောင်း၊ ဆင်းရဲ့သည့် Population သည် ၁၅.၈ သန်းရှိသည်ဟု  ကမ္ဘာ့ဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြထားကြောင်း၊ ဆင်းရဲသည့် ပြည်သူများအတွက် အခြေခံ ကျန်းမာရေး ဝန်ဆောင်မှု အစုအဝေးကို သေးနိုင်စေရန် အလွန်အရေးကြီးကြောင်း၊ ကျန်းမာရေးစနစ်ကို အဆင့်အားလုံးတွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေကို အားကောင်း တောင့်တင်းစွာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အခန်းကဏ္ဍကို လျစ်လျူရှု ထား၍ မရကြောင်း၊ ပြည်သူ့အသံနှင့် လူထု၏ တာဝန်ယူမှုကို ထည့်သွင်းရမည် ဖြစ်ကြောင်း၊ ယခင် ဝေ‌ဝါးလျက်ရှိသည့် အမျိုးသား ကျန်းမာရေးဥပဒေသည် အခုအချိန်တွင် အာမခံနိုင်သည့် ဥပဒေ ပြုစုရန် အရေးတကြီး လိုအပ်လျက် ရှိကြောင်း၊ Universal Health Coverage နိုင်ငံရေး အသွင်သည် အရေးကြီးသည့်အပြင် Health as a Bridge for Peace ဆိုသည်ကို မေ့ထား၍ မရကြောင်း၊ ၎င်းတွင် EHO ဆိုသည့် အဖွဲ့များ ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အားနည်းချက်ရှိသည့် လူမျိုးစုအတွက် မျှမျှတတ (Equity)ရရန် လိုအပ်နေသည့်အတွက် အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာ တောင့်တင်းအောင် မည်သည့် ကိစ္စများ ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။