(ဆ)-၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက်နှင်‌့ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆောင်ရွက်ချက် အစီရင်ခံစာများအားထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိ နှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင်‌့ ထိန်းသိမ်းရန်ဖြစ်ပါ ကြောင်း၊ ဗဟိုဘဏ်သည် အဓိကရည်မှန်းချက်များ တိုးတက်အောင်မြင်စေရန်အတွက် ငွေကြေး တည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊ ထိရောက်သောငွေပေးချေမှုနှင်‌့ စာရင်း ရှင်းလင်းမှုစနစ် ခိုင်မာတိုးတက်ရေး၊ ရှင်သန်သည့်စီးပွားရေး ဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေ စီးပွာရေးမူဝါဒများကို အထောက်အကူပြုရေးစသည့် ရည်ရွယ်ချက်များ တိုးတက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံတော်‌ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ငွေကြေး မူဝါဒရည်မှန်းချက်များ၊ နည်းဗျူဟာများနှင်‌့‌ ငွေကြေးမူဝါဒနည်းလမ်းများ မေခရိုစီးပွားရေးနှင့် ငွေရေး ကြေးရေးအခြေအနေ၊ စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုအခြေအနေ၊ ဘဏ္ဍာရေး အခြေအနေ၊ နိုင်ငံခြားငွေပေးငွေယူစာရင်းအခြေအနေ၊ နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေစာရင်း၊ နိုင်ငံခြားငွေလဲ လှယ်နှုန်း၊ ငွေကြေးပမာဏအခြေအနေ၊ အစိုးရငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေ ရောင်းချခြင်းနှင်‌့ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ချေးငွေအခြေ အနေများပါသော အစီရင်ခံစာနှင်‌့ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့်ပတ်သက်၍ ဘဏ်များနှင်‌့ ငွေရေးကြေးရေးကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ် စစ်ဆေးခြင်းနှင်‌့ ကြပ်မတ်ကွပ်ကဲခြင်း၊ ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများအပေါ် အခြေခံသည့် စိစစ်ချက်များ၊ ငွေရေးကြေးရေးဆိုင်ရာအချိုးများ၊ ငွေရေး ကြေးရေး ကဏ္ဍဖြစ်ပေါ် တိုးတက်မှုများနှင်‌့ပတ်သက်၍ ဥပဒေရေးရာနှင်‌့ကြပ်မတ်ကွပ်ကဲမှု ဆိုင်ရာ တိုးတက်မှု၊ ငွေရေးကြေးရေး ကဏ္ဍဆိုင်ရာဖြေလျှော့မှုများ၊ ငွေရေးကြေးရေးကိစ္စတွင် ပါဝင်မှု၊ ငွေကြေးခဝါချမှုနှင်‌့ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်တိုးတက်ဖြစ်ပေါ်မှု ဆောင်ရွက်ချက်များ ပါသော အစီရင်ခံစာများတင်ပြရန် ဖြစ်ပါကြောင်း၊

ဗဟိုဘဏ်သည် ၎င်း၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးမူဝါဒချမှတ် ဆောင်ရွက်မှု ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင်‌့ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေ အနေတို့နှင်‌့စပ်လျဉ်းပြီး အစိုးရအဖွဲ့နှင့်ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင်အနည်းဆုံး နှစ်ကြိမ် အစီရင်ခံတင်ပြပြီး ဝန်ကြီးဌာနသို့လည်း ပေးပို့ရမှာဖြစ်ပါကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ငွေရေး ကြေးရေးစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်၏ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင်‌့စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြရမည်ဖြစ်သည့်အပြင် ငွေကြေး မူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ သတင်းအချက်အလက်များကို အများပြည်သူသိစေရန် ဒါရိုက်တာအဖွဲ့၏ ခွင်‌့ပြုချက်ဖြင်‌့ သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရ မည်ဖြစ်ပါကြောင်း၊

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အထက်ဖော်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက် ချက် အစီရင်ခံစာများကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက်သာ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်ပြခဲ့ပြီး ဗဟိုဘဏ်၏ ဥပဒေအတိုင်း ဆက်လက်တင်ပြ နိုင်မှုရှိ/မရှိမေးမြန်းလိုပါကြောင်း၊ သို့သော် ၂၆-၈-၂၀၁၉ ရက်နေ့တွင် ငွေကြေးမူဝါဒ အကောင်အထည်ဖော်မှုနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အစီရင်ခံစာများကို ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၇-၂၀၁၈ ခုနှစ်ကို ပြည်ထောင်စု လွှတ်‌တော်တွင် ဝေငှပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ငွေရေးကြေးရေးမူဝါဒ အကောင်အထည်ဖော်မှုနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှု အခြေအနေ ကို ဝေဖန်ဆွေးနွေးနိုင်မည် ဖြစ်သည့်အတွက်ကြောင်‌့  လာမယ့်ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက် အစီရင်ခံစာများကို တင်ပြန်နိုင်ရန်အတွက် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး အစီရင်ခံစာနှင့် ငွေကြေးမူဝါဒအကောင် အထည်ဖော်မှု အစီရင်ခံစာများကို ဆက်လက်ထုတ်ပြန်နိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။