(စ)-SME ချေးငွေများကို ယခုကျင့်သုံးနေသောစနစ်ထက် ပိုမိုဖြေလျှော့ပေးနိုင်ခြင်းရှိ/မရှိနှင့် ဗဟိုဘဏ် အနေဖြင့် NPL ကို သတ်မှတ်ရာတွင် ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ်မူတည်၍ သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်၏စီးပွားရေးတိုးတက်စေရန်အတွက် SME ကဏ္ဍက အလွန်အရေးကြီးပြီး ကမ္ဘာတွင် လက်ရှိဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့သည် SME အပေါ်တွင် အခြေခံပြီး တိုးတက်သွားကြခြင်း ဖြစ်ပါကြောင်း၊ မကြာခင်က လွှတ်တော်တွင် မိမိဆွေးနွေးတင်ပြခဲ့သော ပြည်ပနိုင်ငံများကို Migrant ဖြစ်သွားသော မြန်မာလုပ်သား Issue ကို ဖြေရှင်းနိုင်ရန်အတွက် Job Creation တွင် SME ကိုအားပေးခြင်းက အထူးအရေးကြီးပါကြောင်း၊ ပြည်တွင်းတွင် SME လုပ်ငန်း သုံးသောင်းနီးပါးရှိပြီး SME ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကလိုအပ်သည်မှာ အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်တို့ ဖြစ်ပါကြောင်း၊ ယခုမေးခွန်းက အရင်းအနှီးရအောင် ဘဏ်များမှ ချေးငွေ ဖန်တီးပေးနိုင်မှုနှင့် သက်ဆိုင်ပါကြောင်း၊ လုပ်ငန်းတော်တော်များများက မိမိတို့၏ ကိုယ်ပိုင်ငွေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဘဏ်ချေးငွေအပေါ်တွင် အားပြုကြပါ ကြောင်း၊ ဘဏ်ချေးငွေမရပါက ပြင်ပမှ အတိုးကြီးကြီးပေးပြီး ချေးငှားရပါကြောင်း၊ ဘဏ်ချေးငွေ ချေးသည့်အခါ သုံးပိုင်းရှိပါကြောင်း၊ ပထမပိုင်းက ဘဏ်များက Collateral ယူပြီး ချေးငှားကြခြင်း ဖြစ်ပြီး အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် သုံးနှစ်ချေးခြင်း ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းက JICA ကရသော Two Step Loan ရထားသည့် SME Development Bank ၊ KBZ ၊ AYA ၊ CB ၊ MCB ၊ MAB ၊ FPB UAB စသော PFI ဘဏ်များကချေးပေးသော Loan ဖြစ်ပါကြောင်း၊ SME Development Bank ကဲ့သို့ SME အထူးပြုပြီး လုပ်ကိုင်နိုင်စွမ်းရှိသောဘဏ်များကို ချေးငှားစေခြင်းက ရေရှည်တွင် ပိုမိုပြီးသင့်လျော်မည် ဖြစ်ပါကြောင်း၊ ဘဏ်ခုနစ်ဘဏ်ကချေးထားရာတွင် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ငါးနှစ်ချေးပေးပါကြောင်း၊ ယခုအထိ ထုတ်ချေးပြီးသော လုပ်ငန်းရှင်အရေအတွက် ၆၄၃ ဦး ရှိပြီး ၁၂၆ ဘီလီယံကျော် တန်ဖိုးရှိပါကြောင်း၊ JICA က Loan ရရှိချိန်တွင် အတိုးနှုန်းက ဝ.၀၁ ရာခိုင်နှုန်းသာရှိသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ၄ ရာခိုင်နှုန်းယူ၊ ဘဏ်များက ၄.၅ ရာခိုင်နှုန်းယူနေသည့်အတွက် သာမန်ချေးငွေကဲ့သို့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမပေးရသော်လည်း ၈.၅ ရာခိုင်နှုန်းဖြစ်နေသေးသည့်အတွက် SME လုပ်ငန်းရှင်များအဖို့ များလွန်းနေပြီး နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်မှုမှာ အားနည်းနေသည့်အတွက် နိုင်ငံတော်အနေဖြင့် SME ကို အမှန်တကယ်ကူညီလိုသော စေတနာရှိပါက ၎င်း JICA ချေးငွေ ၈.၅ ရာခိုင်နှုန်း အတိုးနှုန်း ရယူနေခြင်းကို ပြန်လည်သုံးသပ်ပေးရန်အတွက် တင်ပြလိုပါကြောင်း၊
SME လုပ်ငန်းရှင်များကို ချေးပေးသောသက်တမ်းက အင်မတန်တိုတောင်းပါကြောင်း၊ ဗဟိုဘဏ် ၏ ၅/၂၀၁၇ နှင့် ၇/၂၀၁၇ ညွှန်ကြားချကများသည် ဘဏ်များကို ချုပ်ကိုင်ရုံသက်သက်သာ အလုပ်ဖြစ်ပြီး SME လုပ်ငန်းရှင်များအတွက် ထည့်ပြီးမစဉ်းစားသလို ဖြစ်နေပါကြောင်း၊ လုပ်ငန်း တစ်ခုလုပ်သည်မှာ Internal Rate of Return အရေးကြီးပါကြောင်း၊ IRR (၁၀)နှစ်ဆိုတာ ထန်ကုန်ဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းမျိုးလုပ်သောလုပ်ငန်းရှင်က သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း အရင်း၊ အတိုးပြန်ဆပ်ရမည်ဆိုသည်မှာ လက်တွေ့တွင် အကျိုးမပြုနိုင်ပါကြောင်း၊ လုပ်ငန်းရှင်ကို ချေးငွေအသစ်ထုတ်ချေးနိုင်ရန်အတွက် Frequency များများ ချေးပေးချင်လို့ ထိုကဲ့သို့လုပ်သည် ဆိုသော်လည်း ရှေ့ကပြန်ဆပ်ရမယ့်လူကလည်း အဆင်မပြေ၊ နောက်ကချေးငွေယူမည့်သူ အတွက်လည်း သိပ်ပြီးအကျိုးရှိသည့်လုပ်ငန်း မဟုတ်သည့်အတွက်ကြောင့် ဗဟိုဘဏ်အနေဖြင့် ပြန်လည်သုံးသပ်ပြီး ဖြေလျှော့မှုများ ပြုလုပ်ရန်လိုအပ်နေပြီဟု ပြောကြားလိုပါကြောင်း၊ တတိယ ပိုင်းက Credit Guarantee Insurance စနစ်ဖြင့် ချေးပါကြောင်း၊ ၁၀ ဘီလီယံကျော်သာ ချေးနိုင်ပြီး Function သိပ်မကောင်းသေး၍ အထူးတင်ပြစရာမရှိပါကြောင်း၊ ထို့ပြင် ဗဟိုဘဏ် အနေဖြင့် ၅/၂၀၁၇ ညွှန်ကြားချက်တွင် NPL ကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းသည် Foundation မကောင်းသည့် Banking Sector ကို တွန်းလှဲသလိုဖြစ်ပြီး Bankrupt ဖြစ်မှာကို စိုးရိမ်းမကင်း ဖြစ်မိပါကြောင်း၊ ဘဏ်များ၏ သဘောသဘာဝနှင့် Category မခွဲခြားဘဲ NPL ကို ၅ ရာခိုင်နှုန်း သတ်မှတ်ခြင်းသည့် မဖွံ့ဖြိုးသေးူသည့် ပြည်တွင်းဘဏ်များအတွက် များစွာဘဲ ဝန်ထုပ် ဝန်ပိုးဖြစ်စေပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် NPL Ratio (၅)ရာခိုင်နှုန်းအောက်ကို လျှော့ချနိုင်သော်လည်း တောင်အာရှနိုင်ငံများတွင် NPL Ratio သည် 8-10 Percent အထိ ရှိနေသည့်အတွက် မိမိတို့နိုင်ငံတွင် NPL Ratio ကို ၅ ရာခိုင်နှုန်းသတ်မှတ်ထားခြင်းကိုလည်း ပြန်လည်သုံးသပ်ပြီး ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ်မူတည်ပြီး သတ်မှတ်ပေးနိုင်ရန် တင်ပြလိုပါကြောင်း၊ Commercial Bank ကိုသတ်မှတ်သည့် NPL တစ်မျိုး၊ SME Bank ကို သတ်မှတ်သည့် NPL တစ်မျိုး၊ Housing Bank ကိုသတ်မှတ်သည့် NPL တစ်မျိုး၊ သတ်မှတ်မှ သာလျှင် ဘဏ်များအနေဖြင့် လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးပေးနိုင်ပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း ချေးငွေကို အသုံးပြုပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးသွားနိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒါကြောင့် NPL သတ်မှတ်ရာတွင် နိုင်ငံ၏ စီးပွားရေးအခြေအနေ အပေါ်မှာ အခြေခံပြီး သတ်မှတ်သင့်ပါကြောင်း၊
ဗဟိုဘဏ်၏ ၅/၂၀၁၇၊ ၇/၂၀၁၇ ညွှန်ကြားချက်များသည် ဘဏ်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များကို လုပ်သာကိုင်သာမရှိအောင် ဖြစ်စေပါကြောင်း၊ ထို့ကြောင့် (က) SME ချေးငွေများကို ယခုကျင့်သုံးနေသည့် စနစ်ထက် ပိုမိုဖြေလျှော့ပေးနိုင်ခြင်းရှိ/မရှိ၊ (ခ) ဗဟိုဘဏ် အနေဖြင့် NPL ကိုသတ်မှတ်ရာတွင် ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ် မူတည်ပြီး သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။