(င)-မောက်မယ်မြို့နယ်ရှိ ကျေးရွာများတွင် အိမ်ခြံ၊ မြေကွက်များအတွက် မြေငှားဂရန် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မောက်မယ်မြို့နယ်တွင် ၁၂-၉-၂၀၁၅ ရက်နေ့တွင် စဉ့်ဝင် ကျေးရွာ အုပ်စု၊ စေတီဖြူ ကျေးရွာ၌ လူဦးရေ ၁၃၀၊ အိမ်ခြေ ၂၈ အိမ်အတွက် နိုင်ငံတော်မှ အိမ်ငှား ဂရန်များ ပြုလုပ်ပေးပြီး ရွာလုံးကျွတ် ပေးအပ်ပွဲများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်း မှတ်ရာများ ရှိခဲ့ကြောင်း၊ ရွာသားများ အနေဖြင့် ရွာလုံးကျွတ် ပိုင်ဆိုင်မှု အထောက်အထားများ ရရှိကြသဖြင့် ဝမ်းသာပျော်ရွှင်ကြသကဲ့သို့ အခြားကျေးရွာများသည် ထို့ကဲ့သို့ ရွာလုံးကျွတ် ဆောင်ရွက်ပေးကြရန် မျှော်လင့်နေကြကြောင်း၊ ယနေ့ခေတ်တွင် မြေယာတန်ဖိုးများ မြင့်တက်လာခြင်း၊ စီမံကိန်း တိုးချဲ့လုပ်ငန်း ဆောင်ရွက်မှုများ များပြားလာခြင်းများကြောင့် ကျေးလက်နေ ရွာသူရွာသားများ အနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို အာမခံချက် ရရှိရေးဆောင်ရွက်လိုကြခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာများတွင် ခိုင်မာသည့် တရားဝင် အထောက်အထားများ ရရှိရန် အိမ်ခြံ မြေကွက်များ ရွာလုံးကျွတ် မြေငှားဂရန် ထုတ်ပေး နိုင်ခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။