(ဇ)-ကျောက်တန်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသာ သနာ့ အဆောက်အအုံများနှင့် မြန်မာနိုင်ငံတစ်ဝန်း ရှိရှေးဟောင်းဘုရားများကိုသာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနကစီမံစောင့်ရှောက်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-03

ါ်အေးမြမြမျိုး (ကျောက်တန်း)၂၀၁၅ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(ခ)အရ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ၊ ရှေးဟောင်း ဝတ္ထု ပစ္စည်းများ ယိုယွင်းပျောက်ဆုံးခြင်း မရှိစေရေးအတွက် ကာကွယ် ထိန်းသိမ်းရန်၊ရှေးဟောင်း သမိုင်းဝင်စေတီ ပုထိုးများ၊အဆောက်အဦများကို ပြန်လည်ဖော် ထုတ်ခြင်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများကို စွဲဆောင်နိုင်သောကြောင့် နိုင်ငံတော်ဝင်ငွေရရှိစေခြင်းအပြင် ဒေသခံပြည်သများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လည်း များပြား လာမည်ဖြစ်ခြင်းနှင့် ရပ်ဝေးရပ်နီး၊ ပြည်တွင်းပြည်ပမှ လာရောက်ဖူးမြော်ကြည်ညိုသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားများကို အမှီပြုပြီး ကိုယ်ကျိုးစီးပွားရှာနေကြသည့် ဝိသမလောဘသားများကြောင့်လည်းကောင်း၊စီမံခန့်ခွဲမှုလို အပ်ချက်ကြောင့်လည်းကောင်း အများပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ယခုမေးခွန်း ကို မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့သည် မွန်ဘုရင်တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်း သမိုင်းဝင်ဘုရားများစွာ ရှိနေသည့် နေရာဖြစ်ပါကြောင်း၊ ကျိုက်မှော် ဝန်းရေလယ် ဘုရားသည် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးပြည်သူများအပြင် နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာ ဖူးမြော်နေ သည့် ရှေးဟောင်း သမိုင်းဝင် ဘုရားဖြစ်သည့်အတွက် ရန်ကုန်- ကျောက်တန်း လမ်းမပေါ်ရှိ ပါဒကြီးစံပြကျေးရွာသည် ယခင် ပါဒဘုရင်နန်းစိုက် ခဲ့သည့် နေရာ လည်းဖြစ်ပါကြောင်း၊ ဘုရင်သောက်သုံး ခဲ့သည့် ရေတွင်းများ၊ဘုရင်တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် ဂဝံသိမ်တော်များ ရှိပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ လည်း ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊မိမိသဘောအလျောက် ကျူးကျော်ဝင်ရောက်ခြင်း၊ ရှေးဟောင်းဂဝံ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ရှာဖွေတူးဖော်ခြင်း၊ အဆောက်အအုံသစ်ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ခံရမည်ဆိုသည့် သတိပေး တားမြစ်ချက်လည်း ထုတ်ပြန်ထားပါကြောင်း၊ ၎င်း ဂဝံသိမ်တော်သည် ချုံနွယ်ပိတ်ပေါင်းများနှင့် ဖုံးလွမ်းလျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မ ၁၂ တွင် ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံ၏ ဦးစားပေးအဆင့် ခွဲခြားသတ်မှတ်ဆောင် ရွက်မည်ဖြစ် ပါကြောင်း၊ မှော်ဝန်းချောင်းကမ်းပါး၏ ရေတိုက်စားမှုဒဏ်ကို ဆိုးရွားစွာခံနေရသည့် ကျောက်တန်းမြို့နယ်ရှိ ဥယျာဉ်ကျေးရွာတွင် ရှေးဟောင်းဘုရားများ၊ ရေတွင်း ရေကန်များ ပျက်စီးမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့်အတွက် ကျောက်တန်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသာသနာ့ အဆောက်အအုံများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရှေးဟောင်းဘုရားများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စီမံစောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။