(စ)-မြန်မာနိုင်ငံအနှံ့အပြားရှိ ကြိုးတံတားများကို သံကူကွန်ကရစ်တံတားများ အစားထိုးတည်ဆောက်သွားမည့် အစီအစဉ်အစား လက်ရှိကြိုးတံတားကြီးများ၏ ခိုင်ခံ့မှုပိုမိုလာစေရန်ကြိိုးအစားထိုးခြင်း (သို့မဟုတ်) အခြားနည်းလမ်း ရှာရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(စ)-မြန်မာနိုင်ငံအနှံ့အပြားရှိ ကြိုးတံတားများကို သံကူကွန်ကရစ်တံတားများ အစားထိုး တည်ဆောက်သွားမည့် အစီအစဉ်အစား လက်ရှိကြိုးတံတားကြီးများ၏ ခိုင်ခံ့မှု ပိုမိုလာစေရန် ကြိိုးအစားထိုးခြင်း (သို့မဟုတ်) အခြားနည်းလမ်းရှာ၍ လုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မြန်မာနိုင်ငံ အနှံ့အပြားတွင် ကြိုးတံတားများ ရှိကြောင်း၊ ကြိုးတံတား ၂၉ စင်း ရှိကြောင်း၊ ၎င်းကြိုးတံတား ၂၉ စင်းကို သံကူကွန်ကရစ် တံတားများအဖြစ် အစားထိုးတည်ဆောက် သွားမည့် အစီအစဉ်ကို ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် လာရောက်ဖြေကြားသည့် အထဲတွင်ပါသွားကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံရှိ ကြိုးတံတားများကို သံကူကွန်ကရစ် တံတားများနှင့် အစားထိုးမည့် အစား ကြိုးတံတားများကို ပိုမိုခိုင်ခံ့သွားစေရန် ကြိုးလဲလှယ်ခြင်း သို့မဟုတ် ကြိုးကို ထပ်ပိုးအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် ၎င်းကြိုးတံတားများကို သက်တမ်းရှည်စေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်း ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ကြောင်း၊
မိမိတို့ ပြီးခဲ့သည့်နှစ်ပိုင်းက မြောင်းမြတံတား ပျက်ကျခဲ့ကြောင်း၊ ၎င်းမြောင်းမြတံတား ကြိုးပျက်ကျခဲ့သည့်အချိန်တွင် ၎င်းကြိုးများသည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အတွက် မိမိတို့ကော်မတီက ဆောက်လုပ် ရေးဝန်ကြီးဌာနက တာဝန်ရှိသူများကိုခေါ်ပြီး မေးမြန်းစုံစမ်းသည့်အချိန်တွင် မည်သည့်အတွက် ယခုကဲ့သို့ ဖြစ်ရသည်ကို မေးသည့်အချိန်တွင် ၎င်းသည်စီးပွားရေးပိတ်ဆို့ထားခံရသည့် ကာလက ဝယ်ယူရသည့် ကြိုးများဖြစ်သည့်အတွက် အာမခံချက် မရှိကြောင်း၊ အာမခံချက် မရှိသည့် အတွက် ဖြစ်ရသည်ဟု ဖြေကြားသွားသည့်အတွက် မိမိတို့က မေးကြောင်း၊ ၎င်းကြိုးတံတား များကို ကြိုးလဲ၍ မရဘူးလား၊ ယခုဝယ်လို့ရသည့်အချိန်တွင်ဝယ်၍ မရဘူးလား၊ အာမခံချက် ရှိသည့် ကြိုးနှင့်လဲပြီး အသုံးပြုပါက မရဘူးလား၊ ထို့ကြောင့် တံတားတစ်ခုကို သံကူကွန်ကရစ် တံတားနှင့် ပြင်ပြီးဆောက်မည်ဆိုပါက အင်မတန်ကုန်ကျစရိတ်များကြောင်း၊ ဥပမာ ပြောရမည်ဆိုပါက ပုသိမ်မှ သာပေါင်းမြို့နယ်ကို သွားသည့်အခါ ချောင်းသာသွားသည့် လမ်းတွင် ၎င်းလမ်းတွင် ရှိသည့် ကြိုးတံတားကြီးသည် သက်တမ်းအနည်းငယ်သာ ရှိသည်ဖြစ်သော်လည်း ၎င်းကြိုးတံတားကြီးကို မခိုင်တော့ဘူးဟု ဆိုပြီး ပုသိမ်မြို့မှ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေသည်ကို တေွ့ရကြောင်း၊ ကုန်ကျစရိတ်မည်မျှရှိသလဲဟု မေးသည့်အခါ ၂၁ ဘီလီယံကုန်မည်ဟု ထိုနေရာကတာဝန်ရှိသည့်သူများက ဖြေကြောင်း၊ ထို့ကြောင့် မိမိတို့ တံတားပေါင်း ၂၉ စင်း ရှိသည့် နေရာတွင် ၎င်းတံတား ၂၉ စင်းကို သံကူကွန်ကရစ် တံတား များနှင့် အစားထိုးမည်ဆိုပါက မိမိတို့နိုင်ငံက ဘတ်ဂျက်လိုငွေပြနေသည့် နိုင်ငံဖြစ်သည့်အတွက် မိမိတို့ ဘတ်ဂျက်က နိုင်ငံရှေ့ကို တိုးတက်စေရန်အတွက် ၎င်းအဟောင်းများ ပြန်ပြင်နေရသည့် ကာလနှင့်သာ အဆုံးသတ်နေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိမေးချင်သည့် မေးခွန်းသည် ကြိုးတံတားများကို သံကူကွန်ကရစ် တံတားများနှင့် အစားထိုးမည့်အစား ကြိုးတံတားများကို ကြိုးလဲလှယ်တပ်ဆင်ခြင်း သို့မဟုတ် ထပ်ပိုးခြင်း၊ ပြုခြင်း၊ ပိုမိုခိုင်ခံ့စေရန် ဆောင်ရွက်၍ ရ/မရ သိလိုကြောင်း မေးမြန်းပါသည်။