(င)-လက်ရှိရန်ကုန်မြို့ရေပေးဝေမှုအခြေအနေနှင့် တိုးပွားလာမည့်ရန်ကုန်မြို့နေလူထုအတွက် ရေလုံ လောက်စွာပေးဝေနိုင်ရန် မည်သို့စီမံထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-30
လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တစ်ရက်လှျင် ရေဂါလန် ၂၀၅ သန်းပေးဝေလျက်ရှိပါကြောင်း၊ သို့သော်လုံလောက်မှုမရှိပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသာ ရေပေးဝေနိုင်သည့်အတွက် လက်ရှိရေ မရရှိသေးသူများနှင့် နောင်တိုးပွားလာမည့်လူဦးရေအတွက် ရေလုံလောက်စွာပေးဝေနိုင်ရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။