(ဆ)-တောင်ဥက္ကလာပမြို့နယ်ရှိ (၄)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်တို့ရှိ မြေကွက်တို့အနက်မှ တစ်နေရာရာအား ဖူဆယ် အားကစားကွင်းအဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အားကစားကွင်းဆိုင်းဘုတ်တပ်ဆင် ပေးနိုင်ခြင်းရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-30

တောင်ဥက္ကလာပမြို့နယ်ရှိ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးမည်ဟု ဖြေကြားထား သော (၄)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်တို့ရှိ မြေကွက်တို့အနက်မှ တစ်နေရာရာအား ဖူဆယ် အားကစားကွင်းအဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အားကစားကွင်း ဆိုင်းဘုတ် တပ်ဆင် ပေးနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

တောင်ဥက္ကလာပမြို့နယ်ရှိ ပလပ်မြေကွက်များကို အများပိုင်အားကစားကွင်းများအဖြစ် ပြုလုပ်ရန်တင်ပြခဲ့ရာ မြေကွက် ၁၂ ကွက်ကို ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သင့်တော်သောအားကစားကွင်းများအဖြစ် ဆောင်ရွက်ပေးသွား မည်ဟု ဖြေကြားထားပြီးဖြစ်ပါကြောင်း၊

အဆိုပါ မြေကွက်များမှာ အမှတ်စဉ် (၁) (၄) ရပ်ကွက်သုတခြောက်လမ်းထိပ်ရှိ မြေကွက်လပ်၊ အမှတ်စဉ် (၂) (၅) ရပ်ကွက် သရေခေတ္တရာ ၂၁ လမ်းနှင့် ၂၂ လမ်းကြားအမှတ် ၁၁၀၅၊ ၁၁၀၇ မြေကွက်လပ်၊ အမှတ်စဉ် (၃) (၆) ရပ်ကွက် ကေတုမတီ ၁၇ လမ်း ၁၈ လမ်းထိပ် အုပ်ချုပ်ရေးမှူးရုံးအနောက် ၀.၆၁၉ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၄) (၇) ရပ်ကွက် မင်းရဲကျော်စွာ ၈ လမ်း ရှင်သိဒ္ဓတ် ၉ လမ်းနှင့် ၁၀  ကြား ကမ္ဘောဇဘဏ်အနောက် အမှတ် ၁၂၄၂ A ၀.၄၅၉ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၅) (၇) ရပ်ကွက် ရာဇဓိရာဇ် ၂၁ လမ်းနှင့် ၂၂ လမ်းကြား ၀.၇၃၅ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၆) (၁၀) ရပ်ကွက် အသောက လမ်းမပေါ်ရှိ ဘယသင်္ကြန်လမ်း နှင့်၂၂ လမ်းကြားရှိမြေကွက်လပ်၊ အမှတ်စဉ် (၇) (၁၀) ရပ်ကွက် ဇေယျလမ်းမပေါ် ၇ လမ်းနှင့် ၈ လမ်း ကြားရှိမြေကွက်လပ်၊ အမှတ်စဉ် (၈) (၁၄) ရပ်ကွက် နံ့သာဖြူလမ်း ၁/ဇ ၀.၂၃၀ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၉) (၁၄) ရပ်ကွက် နံ့သာဖြူလမ်းနှင့် ယင်းမာလမ်းထောင့် ၁/ဍ  ၀.၃၁၂ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၁၀) (၁၄) ရပ်ကွက် ယင်းမာလမ်းထောင့် ၁/ဏ ၀.၂၅၂ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၁၁) (၁၄)  ရပ်ကွက် ဇီဝဇိုးလမ်း ၁/ထ ၀.၄၆၆ ဧကရှိမြေကွက်လပ်၊ အမှတ်စဉ် (၁၂) (၁၅) ရပ်ကွက် မြင်သာလေးလမ်းအထက် အမှတ် ၂၁၁၊ ၂၁၂၊ ၂၁၃၊ ၂၁၄ ရှိမြေကွက်များ ဖြစ်ပါ်ပါကြောင်း၊ ယင်း မြေကွက်များမှ အမှတ်စဉ်(၁)၊(၃)၊ (၄) မြေကွက်များသည် ကျယ်ဝန်းသော မြေကွက် များဖြစ်သဖြင့် ဖူဆယ်အားကစားကွင်းအဖြစ် ဖော်ဆောင်ပေးနိုင်ပါရန် ပြည်သူများမှ လိုလားလျက် ရှိနေပါကြောင်း၊ ဖော်ပြပါမြေကွက် (၁၂) ကွက်ကို အားကစားကွင်းများအဖြစ် ဆောင်ရွက်ပေးမည်ဟုဖြေကြားထားပြီး ဌာနအနေဖြင့်မဆောင်ရွက်ပေးနိုင်သေးသော်လည်း ရပ်မိရပ်ဖပြည်သူများမှ မိမိတို့တတ်နိုင်သလောက် မြေညှိမြေဖို့ခြင်းတို့ကို ဆောင်ရွက် ထားပြီး ကလေးသူငယ်များမှလည်းအားကစားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၎င်းမြေကွက် (၁၂)ကွက်ကို တစ်ချိန်ချိန်တွင် တစ်ဦးဦးမှအကြောင်းတစ်ခုခုဖြင့် ပြန်လည် ရယူသွားမည်ကို ပြည်သူများမှစိုးရိမ်လျက်ရှိနေပါသဖြင့် မေးမြန်းလိုသည်မှာ မေးခွန်း (၁) အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးမည်ဟု ဖြေကြားထားသော (၄) ရပ်ကွက် သုတခြောက်လမ်းထိပ်ရှိမြေ ကွက်လပ် (၆) ရပ်ကွက် ကေတုမတီ ၁၇ လမ်း ၁၈ လမ်းထိပ် အုပ်ချုပ်ရေးမှူးရုံး အနောက်ရှိမြေကွက်လပ်၊ (၇) ရပ်ကွက်မင်းရဲကျော်စွာ ၈ လမ်း ရှင်သိဒ္ဓတ် ၉ လမ်းနှင့် ၁၀  ကြား ကမ္ဘောဇဘဏ်အနောက် အမှတ် (၁၂၄၂ ) ၀.၄၅၉ ဧကရှိ မြေကွက်လပ် တို့အထဲမှ တစ်နေရာရာအား ဖူဆယ်အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ မေးခွန်း (၂) အားကစားကွင်းအဖြစ်ဆောင်ရွက်ပေးမည်ဟု ဖြေကြားထားပြီး ဌာနအနေဖြင့် မဆောင်ရွက်ပေးနိုင်သေးသော်လည်း ရပ်မိရပ်ဖပြည်သူများမှ တတ်နိုင်သလောက်ဆောင် ရွက်ပြီးဖြစ်သဖြင့် ၎င်းမြေကွက်(၁၂)ကွက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး အား ကစားကွင်းဆိုင်းဘုတ်တပ်ဆင်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါကအဘယ်ကြောင့်နည်း၊ မေးခွန်း (၃) ရန်ကုန်မြို့တော်စည်ပင်အားကစားကွင်းဆိုင်းဘုတ်ကို အကြောင်းအမျိုးမျိုးကြောင့် မတပ်ပေးနိုင်လျှင် စည်ပင်သာယာရေးကော်မတီအားကစားကွင်းမြေနေရာဟု ဆိုင်းဘုတ် တပ်ဆင်ပေးပါရန်နှင့် မတပ်ဆင်ပေးနိုင်ပါက အဘယ်ကြောင့်မတပ်ဆင်ပေးနိုင်သည်ကို သိရှိပါကြောင်း မေးမြန်းပါသည်။