(စ)-၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအသစ်အကျိုးသက်ရောက်နိုင်ရန်နှင့် လုပ်ငန်းများပြီးမြောက်နိုင်ရန်အတွက် စည်ပင်သာယာရေးဝန်ထမ်းအင်အားနှင့် ယာဉ်စက်ယန္တရားအင်အားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဝယ်ယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ် အကျိုးသက်ရောက်နိုင်ရန်နှင့် လုပ်ငန်း များ အောင်မြင်ပြီးမြောက်နိုင်ရန်အတွက် စည်ပင်သာယာရေးဝန်ထမ်းအင်အားနှင့် ယာဉ်စက် ယန္တရား အင်အားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဖြည့်တင်းဝယ်ယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့သည် ကိုလိုနီခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည့် အဖွဲ့အစည်ဖြစ်တဲ့အတွက် ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့ ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအက်ဥပဒေအသစ်အရ လုပ်ငန်း တာဝန်ခံ အဖွဲ့ ခုနစ်ဖွဲ့၊ ဌာနသုံးခုနှင့် မြို့နယ် ၃၃ မြို့နယ်တွင် စည်ပင်သာယာကော်မတီများဖြင့် ထပ်မံ တိုးချဲ့ဖွဲ့စည်းပြီး ဖြစ်သော်လည်း ဥပဒေသြဇာအကျိုးသက်ရောက်အောင် စီမံခန့်ခွဲသည့်အခါတွင် အထူးသဖြင့်သန့်ရှင်းရေးအမှိုက်သိမ်းခြင်း၊ရေစီးရေလာကောင်းမွန်ရေး အတွက် ဆောင်ရွက်ခြင်း၊ အခွန် ကောက်ခံခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ဝန်ထမ်းအင်အားမလုံလောက်ခြင်း၊ ယာဉ်နှင့်စက်ယန္တရား လုံလောက် မှုမရှိဘဲ ပြဿနာများကို ဖြေရှင်းရာမှာ ထိရောက်အောင်မြင်မှုနည်းပါးသည့်အတွက် စည်ပင် သာယာ၏ပုံရိပ်၊ တိုင်းဒေသကြီး အစိုးရ၏ပုံရိပ်ကို ထိခိုက်သကဲ့သို့ ဖြစ်နေကြောင်း။
ရေစီးရေလာနှင့်ရေဆိုးများကို စီမံခန့်ခွဲရာတွင်မြို့နယ်တစ်မြို့နယ်ချင်းစီ၏ လိုအပ်ချက်ဖြစ်သည့် မြေတူးစက်၊ မြေကော်စက် များလုံလောက်မှုမရှိ၍ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှု အားနည်းခြင်းကြောင့်စာသင်ကျောင်းများ၊ လူနေအိမ်များ၊ နှစ်စဉ်ရေကြီးသည့် ဒဏ်ကို ခံန ရ သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ထိခိုက်ဆုံးရှုံးမှုများရှိနေကြောင်း၊ အခွန် ကောက်ဝန်ထမ်းကို ပျမ်းမျှတစ်ရပ်ကွက်လျှင်တစ်ဦးနှုန်းသာ ခန့်ထားနိုင်သည်ကို သိရှိရပါ ကြောင်း၊ သို့ရာတွင် ၎င်းဝန်ထမ်းများတာဝန်ယူရသည့်တာဝန်များ အင်မတန်များသောကြောင့် ကြီးမာကျယ်ပြန့်သည့် ရပ်ကွက်များတွင်ဝန်ထမ်းများသည် တာဝန်ကျေအောင်မထမ်းဆောင် နိုင်သည့်အတွက်ရသင့်ရထိုက်သောအခွန်ဘဏ္ဍာငွေများမလိုအပ်ဘဲနဲ့ဆုံးရှုံးမှုများ နေ့စဉ်၊ လစဉ် ရှိနေပါကြောင်း၊ စည်ပင်သာယာဥပဒေအရအရေးယူ ဆောင်ရွက်သည့် နေရာတွင်လည်း ရရှိလာ သောအောင်မြင်မှုများကို ထိန်းသိမ်းနိုင်ရန် အတိုင်းအတာတစ်ခုအထိ ပုံမှန်စောင့်ကြည့် ထိန်း ကျောင်းကြီးကြပ်ရသည့်အတွက် ဝန်ထမ်းအင်အားမလုံလောက်သောကြောင့် ထပ်မံတိုးချဲ့ထား ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ဥပမာအားဖြင့် အင်းစိန်မြို့နယ်တွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ် ခြင်းကို စနစ်တကျဖြေရှင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖ များ၊ CSO၊ NGO နှင့် အဖွဲ့အစည်းများ စနစ်အမျိုးမျိုးဖြင့် ကြိုးစားကြည့်သည့်အခါတွင် ရပ်ကွက် တစ်ရပ်ကွက်ချင်းကို လမ်းအလိုက် နေ့၊ ရက်၊ အချိန်တိတိကျကျသတ်မှတ်၍ အထုပ် ကောက်စနစ်ကိုရပ်ကွက်နှစ်ခုတွင်အကောင်အထည်ဖော်သည့် အခါတွင်အောင်မြင်မှုရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းအစီအစဉ်ကို နောက်ထပ်ရပ်ကွက်များတွင် ထပ်မံအကောင်အထည် ဖော်ရန် ကြိုးစားသည့်အခါတွင် ဝန်ထမ်းအင်အား၊ယာဉ်နှင့်စက်ယန္တရားအင်အား အလုံအလောက်မရ သောကြောင့် တိုးချဲ့ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်သည့်အတွက် ရေမြောင်းများပိတ်ဆို့ကာ ရေကြီးရေလျှံခြင်းများ၊ လမ်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများ ပျက်စီးသည့်အပြင် သက်ကြီးရွယ်အိုနှင့် ကလေး သူငယ်များ ကျန်းမာရေးဆိုးရွားဝါးစွာထိခိုက်သည့်အတွက် နိုင်ငံတော်၏ဘတ်ဂျက်များ နှစ်စဉ် လေလွင့်ဆုံးရှုံးနေခြင်းကို ကာကွယ်ပေးနိုင်ရန် ရေရှည်အကျိုးရှိမည့် လိမ္မော်ရောင်သူရဲကောင်း များဖြစ်သော စည်ပင်သာယာရေးဝန်ထမ်းများကို တိုးမြှင့်ခန့်ထားခြင်း၊ ယာဉ်စက်ယန္တရားများ တိုးချဲ့ဝယ်ယူခြင်းသည် ရန်ကုန်မြို့တော်ကြီး သန့်ရှင်းသာယာလှပရေးအတွက် ကောင်းမွန် သောရွေးချယ်မှုဖြစ် သည်ဟု ယုံကြည်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ်အရ သြဇာအကျိုး သက်ရောက်နိုင်ရန် စည်ပင်ဝန်ထမ်းနှင့် ယာဉ်ယန္တရားများ စနစ်တကျမည်ကဲ့သို့စီမံခန့်ခွဲနေသနည်းနှင့်လုံလောက် မှုရှိ/မရှိ၊ လုံလောက်မှုမရှိပါက လိုအပ်ချက်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ ဖြည့်တင်းဝယ်ယူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။