(ဃ)-တန့်ဆည်မြို့နယ်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထား ပေးခဲ့သော တည်ဆောက်ရေးလုပ်ငန်း အချို့မှာ မည်သည့်အတွက်ကြောင့် ဆောင်ရွက်ချိန်နောက်ကျခြင်းနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ခြင်းမရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-30

မိမိ၏မေးခွန်းက တစ်ပြည်လုံးအတိုင်းအတာနှင့် သက်ဆိုင်မည်ဟုထင်ပါကြောင်း၊ အဘယ့် ကြောင့်ဆိုသော် ပြီးခဲ့သည့်ငါးရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ စိုးမိုးသူ၏အဆိုဖြစ်သော တင်ဒါကိစ္စများသုံးလအတွင်းအပြီးခေါ်ယူနိုင်ရေးအဆိုကို ကိုယ်စား လှယ်အသီးသီးက ဆွေးနွေးခဲ့ပါကြောင်း၊ မိမိလည်း ဝင်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ မိမိ၏မြို့နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ အလွန်အမင်းနောက်ကျနေသည့်အတွက် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အကုန်တွင် လုံးဝမပြီးနိုင်သည်မှာသေချာပါကြောင်း၊ ပြန်လည်ကုစား၍ မရသော်လည်း လာမည့်နှစ်များတွင် ၎င်းအခြေအနေမျိုးမဖြစ်အောင် ရည်ရွယ်ချက်ဖြင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တန့်ဆည်မြို့နယ်အတွက် ချထားပေးခဲ့သော တည်ဆောက်ရေးလုပ်ငန်းများ မည်သည့်အတွက်ကြောင့် နောက်ကျသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။