(က)-၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရပ်ဆိုင်းခဲ့သော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)တို့တွင် ကုမ္ပဏီများမှ ငွေကြေးများဆုံးရှုံးလျက်ရှိနေပါသဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

(က)-၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရပ်ဆိုင်းခဲ့သော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)တို့တွင် ၎င်းဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီများမှ တည် ဆောက်ရေးလုပ်ငန်းများအတွက် စိုက်ထုတ်လုပ်ကိုင်ခဲ့ရသည့် ငွေကြေးများပြန်လည် ရရှိ စေခြင်းမရှိဘဲ ဆုံးရှုံးနစ်နာလျက်ရှိနေပါသဖြင့် ကုမ္ပဏီများနစ်နာမှုမရှိစေရေးအတွက် မည်ကဲ့ သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း  

ဘတ်ဂျက်အခက်အခဲများကြောင့် မပြီးစီးနိုင်ခဲ့သော မြင်းခြံနှင့် ပင်းပက်သံမဏိစက်ရုံ များတွင် လုပ်ကိုင်နေကြသည့် တည်ဆောက်ရေးကုမ္ပဏီများ၏ စိုက်ထုတ်ကုန်ကျငွေများ သုံးနှစ်နီးပါး ကြာသော်လည်း မရရှိသေးသည့်ကိစ္စကို မေးမြန်းတင်ပြသွားမည် ဖြစ်ပါ ကြောင်း၊ ၎င်းစက်ရုံ နှစ်ခုကို လွှတ်တော်၏ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုမိမိတင်ပြမည်မှာ စီမံကိန်းများမရပ်ဆိုင်းမီတွင် ဝန်ကြီးဌာန၏တရားဝင်စာများနှင့် ခိုင်းစေမှုကို ကုမ္ပဏီများက ဆောင်ရွက်ခဲ့ကြသည့်ကိစ္စဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် ‌ဖော်ပြ ရပါက အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၏ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်စွဲပါ စာဖြင့် Hot Strip Mill Commissioning လုပ်ငန်းအား သက်ဆိုင်ရာကုမ္ပဏီများအလိုက် မဖြစ်မနေဆောင်ရွက်ရန် အကြောင်းကြားပါသည်ဟု စက်ရုံမှူးကိုညွှန်ကြားခဲ့၍ စက်ရုံမှူးက လည်း Asia World Myanmar Mahar Htun, MCM နှင့် KTK ကုမ္ပဏီတို့ကို ထပ်ဆင့် ညွှန်ကြားခဲ့ပါကြောင်း၊

ကုမ္ပဏီများက ငွေကြေးစိုက်ထုတ်လုပ်ကိုင်ကြပြီး ဝန်ကြီးဌာန၏တည်ဆောက်ရေး လုပ်ငန်း များ စိစစ်ရေးကော်မတီကလည်း လိုအပ်သလိုစိစစ်အတည်ပြုပြီးဖြစ်ပါကြောင်း၊ သို့သော် လည်း ဘတ်ဂျက်မရသည့်အတွက် ကုမ္ပဏီများ ယခုချိန်ထိငွေမရကြသေးပါကြောင်း၊ အချို့ ကုမ္ပဏီများက အစိုးရဝန်ကြီးဌာနနှင့် မျက်နှာမပျက်လို၍ ရေငုံနှုတ်ပိတ်နေကြသော်လည်း အချို့ကကြွေး ပတ်လည်ဝိုင်းနေပြီး ကုမ္ပဏီဖျက်သိမ်းရတော့မည့်အခြေအနေကို ဆိုက် ရောက်လာသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ စိုက်ထုတ်ပေးထားသော ငွေကြေး များက အမှတ်(၁) သံမဏိ စက်ရုံ(မြင်းခြံ)တွင် ကုမ္ပဏီလေးခုက စုစုပေါင်း ၉.၅ ဘီလီယံ ကျော်ဖြစ်ပါကြောင်း၊ အလားတူ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၏ မပြီးပြတ်သေးသော တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေအပ်လုပ်ငန်း Deposit Work အဖြစ်ဖြင့် လက်ခံ ဆောင်ရွက်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို စက်မှုဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါကြောင်း၊ စာတွင်စက်မှုဝန်ကြီးဌာန၏စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၂၀/၂၀၁၆-၂၀၁၇)မှ သဘောတူပြီးဖြစ်ပါသည်ဟု ဖော်ပြထားပါကြောင်း၊

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန၏ MEC က စိုက်ထုတ်ကုန်ကျငွေ စုစုပေါင်း ၉.၀၁၁ ဘီလီယံရှိပါကြောင်း၊ ပြီးခဲ့သည့်ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဘတ်ဂျက်ကိစ္စ ဆွေးနွေးကြသည့်အခါ မြင်းခြံသံမဏိစက်ရုံရှိ တည်ဆောက်ရေးကုမ္ပဏီလေးခုက စိုက် ထုတ်ကုန်ကျထားသော ငွေစုစုပေါင်း ၉.၅ ဘီလီယံကျော်နှင့် ၇၅ ရာခိုင်နှုန်းဖြစ်သော ၇.၁၃၁ ဘီလီယံကို ခန့်မှန်းချေအရသုံးစာရင်းတွင် ထည့်သွင်းလျာထားလိုက်သည့်အတွက် ဝမ်းသာ ပါသော်လည်း စိုက်ထုတ်လုပ်ကိုင်ခြင်းအတူတူ ပင်းပက်သံမဏိစက်ရုံအတွက် MEC က စိုက် ထုတ်ထားသည့် ၉.၀၁၁ ဘီလီယံက လုံးဝပါမလာသည့်အတွက် ဝန်ကြီးဌာန၊ အစိုးရနှင့် လွှတ်တော်တို့သည် စံမျိုးသုံးမျိုးထားပြီး လုပ်ဆောင်နေသည်ဟု သုံးသပ်ရမလိုဖြစ်နေပါ ကြောင်း၊ ကုမ္ပဏီများက စိုက်ထုတ်ထားသည့့်ငွေများကိုစိစစ်ပြီး မှန်ကန်ပါက ၁၀၀ ရာခိုင်နှုန်းပြန်ထုတ်ပေးရန် လိုပါကြောင်း၊ ၇၅ ရာခိုင်နှုန်းသာပေးသည်မှာ လုံးဝမရတာထက် စာရင်တော်သေးသည်ဆို‌သော်လည်း မိမိတို့ကိုယ်တိုင်က စိုက်ထုတ်ထားသော ကုမ္ပဏီ နေရာက ဝင်ပြီးကိုယ်ချင်းစာကြ စေလိုပါကြောင်း၊

အနိုင်ကျင့်သည့်ဆုံးဖြတ်ချက်မျိုးကို မည်သည့်လုပ်ငန်းရှင် မည်သည့်ပြည်သူမျှ လိုလားမည် မဟုတ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်တို့ကို တွင်တွင်ပြောနေသာ်လည်း အဆိုပါကိစ္စတွင် လွန်ခဲ့သည့်နှစ်နှစ်အထိ မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုမျှ မတွေ့ရ ပါကြောင်း၊ အလားတူ Good Government ကို ပြသနိုင်သည်လည်း ကြိုးစားခြင်း မတွေ့ ရပါကြောင်း၊ ၎င်းကိစ္စသည်မြန်မာနိုင်ငံတွင်သာ ကုမ္ပဏီများကသည်းငြင်းခံပြီး မိမိတို့ က ငွေစိုက်ထားပါကြောင်း၊ တရားဝင်လုပ်ပါကြောင်း၊ နှစ်နှစ်၊ သုံးနှစ်ကြာသည်အထိ ငွေမရပါ ကြောင်း၊ သို့သော် အစိုးရကို တရားစွဲခြင်းမျိုးလည်း မရှိခဲ့ပါကြောင်း၊ နိုင်ငံခြားတွင် တရားစွဲခံ ရမည်မှာ သေချာပါကြောင်း၊ ပြီးခဲ့သည့်တစ်ပတ်က ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးသလို တာဝန်ရှိသူကို ဖော်ထုတ်သည်က ပြီးပြည့်စုံသည့် Solution မဟုတ်ပါကြောင်း၊ စိုက်ထုတ် ကုန်ကျ‌ငွေများကို ဖြစ်နိုင်သမျှ ဖြေလျှော့နိုင်သည့်ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ  ပြန်ထုတ်ပေးနိုင်ရန် Solution ဖြစ်ပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မြင်းခြံသံမဏိစက်ရုံ၏ ကြွေးကျန်များနှင့် ၉၅ ရာခိုင်နှုန်းတွင်ပါရှိအောင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ထောက်ခံ‌ပြောကြားပေးသော ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဦးအောင်မြင်နှင့် ထောက်ခံမဲ ပေးကြသော ကိုယ်စားလှယ် ၄၂၂ ယောက်ကို ကျေးဇူးတင်ပါကြောင်းလည်း ကုမ္ပဏီများ ကိုယ်စား ပြောကြားလိုပါကြောင်း၊ ထို့ကြောင့်  စက်မှုဝန်ကြီးဌာနအနေဖြင့် ကျပ်ငွေ ၁၉ ဘီလီယံခန့် များပြားသောငွေကြေးများကို တင်ဒါအဖြစ် တရားဝင်ဆောင်ရွက်ထားသော ကုမ္ပဏီများသို့ ဘတ်ဂျက်မရှိသေးမှုအကြောင်းပြပြီး  ကိုယ်စားလှယ်ပေးမဲ ၂ မိနစ်ခန့် ဆိုင်းငံ့ထားမှုအပေါ်ကုမ္ပဏီများနစ်နာမှုမရှိစေရေးအတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။