(ဂ)-ကျွန်းစုမြို့နယ်အတွင်းရှိ မူလွန်ကျောင်းများတွင် အလယ်တန်းပြဆရာ ဆရာမများ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ပူးတွဲဖော်ပြပါ ကျောင်းများတွင် အလယ်တန်းပြ ဆရာများ ခန့်ထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊
ပူးတွဲဖော်ပြပါ မူလတန်းကျောင်းများသည် နှစ်ပေါင်းများစွာ အလယ်တန်းပြ ဆရာများ မရှိသည့် အတွက် မူလတန်းပြဆရာများနှင့် အရပ်ခန့် ဆရာများကိုသာ အစားထိုး ငှားရမ်း၍ ပညာသင်ကြား နေရကြောင်း၊ အချို့ကျောင်းများသည် အလယ်တန်းပြ ဆရာမရှိသည့်အပြင် သုံးနှစ်၊ ငါးနှစ်၊ ကိုးနှစ်ခန့် ကြာမြင့်သည်အထိ အလယ်တန်းပြ ဆရာများကို ခန့်ထားပေးခြင်း မရှိ လျစ်လျူရှု ခံနေရကြောင်း၊ ဥပမာအားဖြင့် ကော့ရွာကျေးရွာအုပ်စုတွင် ကော့ကနင်း မူလွန်ကျောင်းသည် မူလတန်း မူအုပ် တစ်ယောက၊် မူလတန်းပြ တစ်ယောက်နှင့် အထွေထွေလုပ်သား တစ်ဦးနှင့် ကျောင်းသား ဦးရေ ၁၇၀ သည် မူလတန်း ဆရာများ မရှိ၊ အလယ်တန်းပြဆရာများ မရှိသည့် အချိန်သည် ကိုးနှစ်ခန့် ကြာမြင့်ပြီဖြစ်သည်ကို သိရှိရ ကြောင်း၊ ထို့အတူ ရေမြင်းကြီးအုပ်စုတွင် တောင်သုံးလုံး မူလွန်သည် ပထမအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်း၍ ကျောင်းအဆင့်တိုး ရရှိသည်မှစ၍ ယနေ့ တိုင်အောင် အလယ်တန်းပြဆရာ တစ်ဦး တစ်ယောက်မျှ မရှိဖြင့် သင်ကြားနေရ ကြောင်း၊ မင်းကုန်းအုပ်စုရှိ ပြင်ဝန်း မူလွန်ကျောင်း၊ ရေကန်ဒါအုပ်စုမှ ဆီဒုံး မူလွန်ကျောင်းတို့တွင် လည်း အလားတူပင် အလယ်တန်းပြဆရာ တစ်ဦးတစ်ယောက်မျှ ချထား ပေးခြင်း မရှိသည် ကို သိရှိရကြောင်း၊ ထို့ပြင် မူလွန်ဝါးအော်တွင် အလယ်တန်းပြ တစ်ဦး၊ မူလွန် ဇယော့တွင် အလယ်တန်းပြ နှစ်ဦး၊ မူလွန်တီးပူတွင် အလယ်တန်းပြ တစ်ဦး၊ မူလွန်ဖိနပ်ကျွန်းတွင် အလယ်တန်းပြ တစ်ဦး၊ ဘန္ဒနဲအုပ်စုတွင် အလယ်တန်းပြ တစ်ဦး၊ ရေအေးအပြင်တွင် မူလွန် အတွက် အလယ်တန်းပြတစ်ဦးနှင့် ကျန်သည့် ကျောင်းများတွင် ဆရာများ အစားထိုးပေးရန် လိုအပ်နေကြောင်း၊ အထူးသဖြင့် မိမိ အထက်ဖော်ပြပါ ပြင်ဝန်း၊ ကော့ကနင်း၊ တောင် သုံးလုံးနှင့် ရေအေးဆီဒုံး ကျောင်းများတွင် အလယ်တန်းပြ တစ်ဦးတစ်ယောက်မျှ မရှိပါ သဖြင့် ၎င်းတို့ကို အစားထိုး ခန့်နိုင်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် မရှိဘူးဆိုပါက မည်သည့် အတွက်ကြောင့်နည်းကို ပြည်သူများ ကိုယ်စား မေးမြန်းပါသည်။