(ခ)-မင်းဘူး(စကု)မြို့နယ်တွင် ဖျက်ပုံထားသော တံတားဟောင်းမှ ပစ္စည်းများလေလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် မင်းဘူး(စကု)မြိို့နယ်အတွင်း အမှန်တကယ်လိုအပ်နေသောနေရာများ တွင် တံတားငယ်များ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့အနီးရှိ မန်းချောင်းပေါ်တွင် မူလက တစ်လမ်းသွားဘေလီတံတားတပ်ဆင်ထားပြီး ယခုအခါ နှစ်လမ်း မောင်းသံကူ ကွန်ကရစ် တံတားကို တည်ဆောက်ပြီးဖြစ်သည့်အတွက် မူလတံတားအဟောင်းမှ ပစ္စည်းများကို မင်းဘူး(စကု)မြို့နယ်၊ ဘိုတဲကြီးဝိုင်းအတွင်း စုပုံထားသည်ကို တွေ့ခဲ့ရပါကြောင်း၊
ယင်းသို့ စုပုံထားသည့် တံတားဟောင်းမှ ပစ္စည်းများ ဆွေ့မြည့်ပျက်စီးဆုံးရှုံးခြင်းမရှိမီ ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စကုမြို့နယ်ထဲမှာပင် အမှန်တကယ် လိုအပ်နေသော နေရာများတွင် ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများနှင့် တံတား ငယ်များတည်ဆောက်ပေးမည်ဆိုပါက ဒေသခံ ပြည်သူလူထုအနေဖြင့်လည်း ဝမ်းမြောက် ကြည်နူးဖြစ်မည်ဖြစ်ပါကြောင်း၊ ဖြစ်ကြောင်းလည်း တင်ပြအပ်ပါတယ်။
မကြာမီ မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ကျေးရွာအနီး မန်းချောင်းပေါ် တည်ဆောက် ထားသော တစ်လမ်းမောင်းဘေလီတံတားသည်လည်း မကြာခင်နှစ်လမ်းသွားအဖြစ် အဆင့် မြှင့်တင်ဖြစ်ရာ တံတားဟောင်းမှာ ဘေလီများ၊ ပျဉ်များ ပိုလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိခင် ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု နည်းပါး စေရေးအတွက် ဖျက်ပုံထားသည့် တံတားဟောင်းမှ ပစ္စည်းများကို မင်းဘူး(စကု)မြို့နယ် အတွင်း အမှန်တကယ်လိုအပ်သည့် နေရာများတွင် တံတားငယ်များ ထိုးပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။