(င)-သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် လုံလောက်သော ဝန်ထမ်း အင်အားဖြည့်ဆည်း ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

မေးခွန်းမေးရခြင်း၏ အဓိက အကြောင်းရင်းသည် သံတောင်ကြီးမြို့နယ်သည် ကရင်ပြည် နယ်၏ မြောက်ဘက်ခြမ်းတွင် တည်ရှိကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲကြောင်း၊ လူမှုစီးပွားရေးနိမ့်ကျလျက် ရှိနေကြောင်း၊ အဘက်ဘ က်တွင် ဖွံ့ဖြိုးတိုးတက်ရေး အလွန်နှေးကွေးလျက် ရှိနေကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး အတွက် ကျေးရွာအုပ်စု ၅၉ အုပ်စုနှင့် ကျေးရွာပေါင်း ၃၂၂ ရွာ ရှိကြောင်း၊ ယင်းကျေးရွာ များအတွက် ကျေးလက်ဦးစီးဌာနမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဝန်ထမ်းဦးရေ မလုံလောက်သည့်အတွက် အခက်အခဲများစွာဖြင့် ကြုံတွေ့နေရကြောင်း၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရေပေးရေး လုပ်ငန်း ၁၀ ခု၊ ကုန်ထုတ်လမ်းတစ်ခု၊ NEP မီးလင်းရေး ၁၀ ခု၊ သက်မွေးသင်တန်း ခြောက်ခု၊ GDP စီမံကိန်း ၁၁ ခု၊ မြစိမ်းရောင် စီမံကိန်း ၅၁ ယူနစ်၊ ၆၇ ရွာတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သံတောင်ကြီးမြို့နယ်သည် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင်‌့ပြုအင်အား ၂၇ ဦးဖြစ်ကြောင်း၊ ခန့်ထားသသည့် ဝန်ထမ်းအင်အား သည် ရှစ်ဦးသာ ဖြစ်သည့်အတွက် ၁၉ ဦး လစ်လပ်လျက် ရှိနေကြောင်း၊ အဆိုပါ ဝန်ထမ်း ရှစ်ဦးအနက် အချို့ဝန်ထမ်းများသည် ဗဟိုဝန်ထမ်းတက္ကသိုလ်သို့လည်းကောင်း၊ ဗဟိုလေ့ ကျင့်ရေး ကျောင်းသို့လည်းကောင်း၊ ဌာနက ဖွင့်လှစ်သည့် စွမ်းဆောင်ရည် မြှင့်တင်‌ရေး သင်တန်းကျောင်းသို့ တက်ရောက်နေရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကွင်းဆင်းဆောင်ရွက် သည့် နေရာတွင် ဝန်ထမ်းအင်အား မရှိဖြစ်နေသည်ကို တွေ့နေရကြောင်း၊ လမ်းပန်း ခက်ခဲခြင်း၊ ခရီးကွာဝေးခြင်း၊ ခြေလျင်ခရီးဖြင့် ညအိပ်သွားရခြင်း၊ တောင်တက် ခရီးလမ်းဖြစ်၍ ခက်ခဲကြမ်းတမ်းခြင်းတို့ဖြင့် ကြုံတွေ့နေရကြောင်း၊ အလုပ်နှင့် ဝန်ထမ်း အင်အား မမျှမတ ဖြစ်နေသည့်အတွက် အချို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ရာတွင် လုံလောက်သည့် ဝန်ထမ်းအင်အား ထပ်မံဖြည့်ဆည်း ခန့်အပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို   သိရှိလိုပါကြောင်း မေးမြန်းပါသည်။