(က)-မင်းဘူး-စလင်းလမ်းမကြီးနှင့် အမှတ်(၄)အထည်စက်ရုံ၊ စိုက်ပျိုးရေးဝါတပ်သို့ ဖောက်လုပ် ထားသော ကတ္တရာလမ်းအား ပြင်ဆင်မည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး-စလင်းလမ်းမကြီးနှင့် စက်မှု(၁) အမှတ်(၄)အထည်စက်ရုံ တပ်မတော်စိုက်ပျိုးရေးဝါတပ်သို့ ဆက်သွယ်ဖောက်လုပ်ထားသောလမ်းသည် ကတ္တရာလမ်းဖြစ်ပြီး အရှည် ၅.၄ မိုင်ခန့်ရှိပါကြောင်း၊ ဒေသခံ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အားကိုးအားထားပြုနေသော လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ အက်ကွဲပျက်စီးပြီး အချို့နေရာ များတွင် ချိုင့်ခွက်များဖြစ်နေပါ ကြောင်း၊ ၎င်းလမ်းကို ဝန်ကြီးဌာနတစ်ခုခုက တာဝန်ယူထိန်းသိမ်းရန်လိုအပ်နေပါကြောင်း၊ လမ်း ဧရိယာ၊ လမ်းနယ်နိမိတ်များကို စနစ်တကျသတ်သတ်မှတ်မှတ်ထားရန်လည်း လိုအပ်ပါကြောင်း၊ လမ်းမိုင်တိုင်၊ လမ်းညွှန်များလည်း မရှိပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုမှ သတ်သတ်မှတ်မှတ် တာဝန်ယူ ဆောင်ရွက်မည်ဆိုပါက အချိန်မီပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး လမ်းလည်း ပိုမိုဆိုးရွား စွာ ပျက်စီးတော့မည်မဟုတ်ပါကြောင်း၊ ထို့အပြင် တိုင်းပြည်ဘဏ္ဍာများလည်း ပိုမိုသုံးစွဲရန်မလိုသလို လမ်းဧရိယာ၊ လမ်းနယ်နိမိတ်များ၊ မိုင်တိုင်လမ်းညွှန်များ စိုက်ထူထားမည်ဆိုပါက ကျူးကျော် ဝင်ရောက်နေထိုင်လုပ်ကိုင်ကြမည် မဟုတ်ပါကြောင်း သို့ဖြစ်ပါ၍ မင်းဘူး-စလင်းလမ်းမကြီးနှင့် အမှတ်(၄)အထည်စက်ရုံ၊ စိုက်ပျိုးရေးဝါတပ်သို့ ဖောက်လုပ်ထားသော ကတ္တရာလမ်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်မည်ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။