(င)-တမူးမြို့နယ်အတွက် လိုအပ်နေသော အိမ်တွင်းမှုသင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-31
မိမိတို့ တမူးမြို့နယ်သည် မြန်မာနိုင်ငံ၏အနောက်မြောက်ဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တည်ရှိပြီး လူဦးရေ ၁၂၇၀၀၀ ကျော်ရှိပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်းနေထိုင်သောလူများက စိုက်ပျိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို အဓိကအားထားလုပ်ကိုင်နေကြပါကြောင်း၊ လူငယ်များ၊ အမျိုးသမီးများ၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်ပိုင်ရပ်တည် နိုင်သည့် အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့မြို့နယ်ရှိအမျိုးသမီးများအတွက် ဘဝအာမခံချက်ရှိသော ခိုင်မာသည့် အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလိုပါကြောင်း၊ သို့ဖြစ်ပါသော ကြောင့် တမူးမြို့နယ်အတွက်လိုအပ်နေသော အိမ်တွင်းမှုသင်တန်းကျောင်းတစ် ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။