(ဈ)-လွိုင်လင်မြို့နယ်အတွင်းရှိ တောင်နောက်ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာအုပ်စု၊ ကုန်းယော ကျေးရွာအုပ်စု၊ နမ့်ထမိုကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာ အုပ်စုများ တွင် လျှပ်စစ်မီးလင်းနိုင်ရေးနှင့်စပ်လျဉ်းသည့် မေးခွန်း
(ဈ)-လွိုင်လင်မြို့နယ်အတွင်းရှိ တောင်နောက်ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာအုပ်စု၊ ကုန်းယော ကျေးရွာအုပ်စု၊ နမ့်ထမိုကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာ အုပ်စုများ တွင် ၂၄ နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု၊ လွိုင်မွတ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံမဲဆန္ဒနယ် မိဘပြည်သူများနဲ့ တွေ့ဆုံ၍ လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခြင်းတို့ကို ု ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ဆောင်ရွက်ခဲ့ရာ ဒေသခံမိဘပြည်သူများမှ ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ပထမဦးစားပေးဆောင်ရွက်ပေးနိုင်ပါရန် တင်ပြကြပါကြောင်း၊
ကုန်းယောကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဟွေကြိမ်ကျေးရွာဘုန်းတော်ကြီး ကျောင်း များတွင် မိဘပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးခဲ့ရာတွင်လည်း ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ တင်ပြဆောင်ရွက်ပေးနိုင်ပါရန် တင်ပြ လာသဖြင့် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာ အုပ်စု နောင်ယာဆိုင်း ကျေးရွာ၊ လုံဖီကျေးရွာ၊ ဆန်ခတ်ကျေးရွာ၊ လွိုင်မွတ်ကျေးရွာ၊ ပန်ဝိုးကျေးရွာ အုပ်စု ပန်ဝိုးရွာ၊ ဟွေဟွမ် ကျေးရွာ၊ ကုန်းယောကျေးရွာအုပ်စု ကုန်းယောရွာ၊ နမ့်ထမို ကျေးရွာအုပ်စု ပန်လင်းရွာ၊ ပင်လုံအရှေ့ ကျေးရွာအုပ်စု ဟွေကြိမ်ရွာ၊ နောင်လိုင်ကျေးရွာ အုပ်စု ဝမ်နောင်ရွာ၊ ဝမ်နောင်ကုန်းရွာ လျှပ်စစ်မီးလင်းနိုင်ရန်အတွက် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးနိုင်ပါမည်နည်း၊ မည်သည့်အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။