(ဂ)-ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက် ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာ အကောင် အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း
(ဂ)-ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက် ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာ အကောင် အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ့သည်နှင့် နောက်နောင်မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခု ၆၂၂ ဧကကျယ်ဝန်းသည့် ဟိုတယ်ဇုန်ကြီးသည် ရေထဲတွင်ရှိသည့်ဘုန်းကြီး ကျေောင်း များ၊ ရွာသူရွာသားများ၏ မီးရေးထင်းရေးအတွက် ရှေးရှေးက အမြော်အမြင်ကြီးသည့် စော်ဘွားကြီး များက ခွဲဝေချထားပေးသည့် နေရာကြီး ဖြစ်ပါကြောင်းထိုအချိန်ကတာဝန်ရှိ သူများကမြေများကို သိမ်းဆည်းအကွက်ရိုက်ပြီး လုပ်ငန်းရှင်များကို ရောင်းစားပြီး ရရှိသည့် ငွေနှင့် ဒေသခံရွာသူ ရွာသား များ အတွက်မြေယာလျော်ကြေး လောက်သာ ပေးခဲ့ပါကြောင်း၊
ယခုဟိုတယ်ဇုန်ကြီးကို ဒေသခံပြည်သူများအနေဖြင့်လည်း အသုံးပြုနိုင်ခြင်းမရှိ ဝယ်ယူ ထားသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ဟိုတယ်ထပ်ဆောက်လျှင် ရှုံးမည်စိုးသည့် အတွက် လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ စက်မှုမြေငှားဂရန်အတွက် မြို့မြေ အခွန်များ သိန်းကျော်ဆောင်ရသည့် လုပ်ငန်းရှင်များသည်လည်း ပြည်သူထဲကပြည်သူများ ဖြစ်သည့်အတွက် ၎င်းတို့အကျိုးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုပါကြောင်း၊ ဟိုတယ် ဇုန်တွင် တည်ဆောက်ခဲ့သော စက်လှေဆိပ်၊ ကားပါကင်၊ နားနေခန်း၊ ဆိုင်ခန်းများ ပြီးစီးက တည်းကပင် ရေ၊ မီးမရှိ၊ ထိန်းသိမ်း မည့် သူမရှိပါကြောင်း၊ ဟိုတယ်ဇုန်တွင် ဖောက်ထား သည့် လမ်းများ၊ မီးများသည်လည်း မည်သည့် ကားမျှ ဖြတ်သန်းအသုံးပြုခြင်းမရှိပါကြောင်း၊
လျှပ်စစ်မီးများအတွက် အသုံးပြုထားသော ပစ္စည်းများ ခိုးဖြုတ်မည်ကို စိုးရိမ်သည့်အတွက် နေ့ရော ညရော လျှပ်စစ် မီးများ ထွန်းထားရသောကြောင့် တစ်လလျှင် မီတာခ ၃၆ သိန်း ခန့်ပေးဆောင်ခဲ့ရပြီး ယနေ့ခေတ် တွင် ချွေတာရေးအနေဖြင့် မီးဖြတ်ချ သည့်အခါမှာလည်း ဝါယာကြိုးများ ထရန် စဖော်မာများ အကုန်ဖြုတ်ယူကုန်ကြပါကြောင်း၊
ယခုအခါ ဒုစရိုက်နယ်မြေကြီး ဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ များ ပြုလုပ်သည့် နေရာကြီးဖြစ်နေပါကြောင်း၊ ထို့ကြောင့် ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာအကောင်အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ ဆောင်ရွက်ထားခဲ့သည်နှင့် နောက် နောင်မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်း နှင့် အစိုးရနှင့်တွဲပြီး လက်တွေ့ အသုံးချနိုင်ရန် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ မည်သို့စီစဉ် ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။