(င)-ဝင်ငွေခွန်ထမ်းဆောင်ရန် ဝင်ငွေမပြည့်မီသူများအတွက် ထုတ်ပေးသော ဝင်ငွေကင်းလွတ် ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံလက်မှတ်ထုတ်ပေးမှုနှင့်ပတ်သက်၍ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လစာရဝင်ငွေရှိသူနိုင်ငံသားများနှင့် ပတ်သက်ပြီး တည်ဆဲဝင်ငွေခွန်ဥပဒေအရ သက်ဆိုင်ရာဝင်ငွေနှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်း အထက် ရရှိသူများအနေဖြင့် ဝင်ငွေဥပဒေပါကင်းလွတ်ခွင့်ပြုအနေဖြင့် အိမ်ထောင်ဖက် အတွက် ကျပ်ဆယ်သိန်း၊ အတူနေနှစ်ဖက်မိဘတစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်း၊ အသက် ၁၈ နှစ်နှင့် ၁၈ နှစ်ကျော်သော်လည်း အချိန်ပြည့်ပညာသင်ကြားနေသူ သားသမီးတစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် နှုတ်ပိတ်ခွင့်ခံစားခွင့်ပြုပြီး ကျန်သည့် ငွေကထပ်ပြီး ကျန်သိန်း နှစ်ဆယ်အထိ ကင်းလွတ်ခွင့်ပြုထားပြီး ကျန်ဝင်ငွေများအပေါ်မှာ ဝင်ငွေအလွှာလိုက် ငါး ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းဖြင့် ၂၅ ရာခိုင်နှုန်း တွက်ချက် ကောက်ခံသည်ဟု သိရပါကြောင်း၊
သတ်မှတ်ဝင်ငွေမပြည့်မီသူများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ရန်မလိုအပ်သည့်အတွက် လစာဝင်ငွေနည်းသည့် ဒါမှမဟုတ် မပြည့်မီသည့် နိုင်ငံသားများကို စုဆောင်းငွေသတ်မှတ် ပေးနိုင်ရန် ရည်ရွယ်ပြီး လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားထုတ်ပေးခြင်း ဖြစ်သည်ဟု ယူဆပါကြောင်း၊ အဆိုပါသက်သေခံအထောက်အထားအတွက် သက်ဆိုင်ရာ အခွန်ဦးစီးဌာနများတွင် လျှောက်လွှာပုံစံ ပတခ(ဝင)၂၉ နှင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိပြီး လျှောက်လွှာနှင့် ပူးတွဲပြီး ဇယားကွက် ၁၄ ကွက်ပါသည့် ပတခ(ဝင)၁၆(က)နှင့်အတူ ပူးတွဲတင်ပြရမှာဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနကစိစစ်ပြီး ပုံစံ ပတခ(ဝင)၃၀ နှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ(က)အရ ဝင်ငွေကင်းလွတ် ခွင့်ပြုရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံ အထောက်အထားထုတ်ပေးရမည်ဖြစ်ကြောင်း၊ ဝင်ငွေကို ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားပုံစံ ပတခ(ဝင)၁၆(က)ရရှိလျှောက်ထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်မှာ ပုံစံ ပတခ (ဝင)၁၆(က) ဇယားကွက်တွင်ပါသည့် ရာထူး၊ အလုပ်အကိုင်၊ တစ်နေ့တွက်လစာလုပ်ခ၊ အခမဲ့၊ နေအိမ်အတွက်တန်ဖိုး၊ အခြားထုတ်ပေးငွေ၊ အိုနာစာရန်ပုံငွေ၊ အသက်အာမခံ ပရီမီယံပေးငွေ၊ နည်းဥပဒေအများနှင့် ပြဋ္ဌာန်းထားသည့် စုဆောင်းငွေ၊ အိမ်ထောင်ဖက်၏ ဝင်ငွေနှင့် သားသမီးဦးရေတို့နှင့် ပတ်သက်သည့် အထောက်အထား ပြေစာအချက်အလက် များ ပူးတွဲတင်ပြရန်လိုအပ်ခြင်းရှိ/မရှိ၊ အဆိုပါသက်သေခံအထောက်အထားအတွက် မည် သည့်လစာ ဝင်ငွေရဘဏ္ဍာရေးနှစ်မှ စတင်လျှောက်ထားခွင့်ရှိကြောင်း မည်သည့်လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သူများက တောင်းခံရယူပိုင်ခွင့်ရှိကြောင်း သက်သေခံအထောက်အထား လျှောက်ထားရာတွင် မိမိနေထိုင်ရာအရပ်ဒေသရှိ အခွန်ဦးစီး ဌာနတွင်သာမက အခြားနေရာဒေသများရှိ အခွန်ဦးစီးဌာနတွင် လျှောက်ထားတောင်းခံ နိုင်ခြင်း ရှိ/မရှိ၊ ရရှိလာသည့် သက်သေခံ အထောက်အထားအရ လစာဝင်ငွေများမှ တရားဝင် စုဆောင်းရရှိနိုင်မည့်ဝင်ငွေနှင့် ကာလမည်မျှထိ စုဆောင်းနိုင်ခွင့်ရှိကြောင်းနှင့် လစာဝင်ငွေ ရရှိသူများမဟုတ်ဘဲ သာမန်ဝင်ငွေရရှိသူ နိုင်ငံသားများနှင့် ပတ်သက်ပြီး မည်သည့် အထောက် အထားပုံစံများထုတ်ပေးရန် ဆောင်ရွက်ထားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။