(ဃ)ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဟင်းငုတ်ပင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ ကရင်ပြည်နယ်၊ သံတောင်မြို့၊ သံတောင်ကြီးမြို့၊ ဘောဂလိမြို့၊ လိပ်သိုမြို့များသို့ ၃၃/၁၁ ကေဗွီဓာတ်အားလိုင်း သီးခြားသွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဟင်းငုတ်ပင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲ စက်ရုံမှ ကရင်ပြည်နယ်၊ သံတောင်မြို့၊ သံတောင်ကြီးမြို့၊ ဘောဂလိမြို့၊ လိပ်သိုမြို့များသို့ ၃၃/၁၁ ကေဗွီဓာတ်အားလိုင်း သီးခြားသွယ်တန်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဒေသခံပြည်သူများကိုယ်စား မေးမြန်းရခြင်း ဖြစ်ကြောင်း၊ မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်းသည် ဓာတ်အားဖြတ်တောက်မှု နည်းပါးစေရန်၊ နောက်ဓာတ်အား ဖြန့်ဖြူးမှုလွယ်ကူစေရန် လက်ရှိဓာတ်အားလိုင်းမှ ဟင်းငုတ်ပင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ရခိုင်စု ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲစက်ရုံသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် နဂါးမောက် ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံသို့လည်းကောင်း၊ တစ်လိုင်းမှာ လိပ်သိုသို့ ၃၃/၁၁ ကေဗွီ ဓာတ်အားလိုင်း၊ နောက်သံတောင် ဓာတ်အားခွဲစက်ရုံမှတစ်ဆင့် သံတောင်ကြီး ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲစက်ရုံ၊ နောက်တစ်လိုင်းသည် ဘောဂလိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲစက်ရုံဖြစ်ရေး အဆင့်ဆင့်သွယ်တန်းပြီး ဓာတ်အားဖြန့်ဖြူးလျက် ရှိပါကြောင်း၊ ဟင်းငုတ်ပင် ပင်မဓာတ်အားခွဲရုံမှ တစ်ဆင့် ဓာတ်အား ဖြန့်ဖြူးမည့် အကွာအဝေးသည် မိုင် ၉၀ ရှိကြောင်း ဓာတ်အားဖြတ်တောက်မှု ဖြစ်ပါက ရခိုင်စု ဓာတ်အားခွဲစက်ရုံတွင် ဓာတ်အားဖြတ်တောက်မှု ပြုလုပ်ရသည့်အတွက်ကြောင့် ဓာတ်အားဖြန့်ဖြူးဆောင်ရွက်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သံတောင်မြို့နယ်အတွက် JICA ODA ချေးငွေဖြင့် အသစ်တည်ဆောက်မည့် Regional Infrastructure Instrument Project အဆိုပြုတင်ပြထားသည့် ၃၃/၁၁ ကေဗွီ ၁၀ ကေဗွီအေ သံတောင်မြို့ခွဲရုံသို့ သွယ်တန်းဆောင်ရွက်ပေးသည့် သံတောင်ကြီးမြို့နယ်အတွက် ဓာတ်အားဖြန့်ဖြူးရာတွင် လွယ်ကူပြီး ဓာတ်အားဖြတ်တောက်မှုသည်လည်း နည်းပါးသွားမည် ဖြစ်ကြောင်း၊ ထိုနည်းတူ သံတောင်မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှုအတွက် များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်သည့်အတွက် ကြောင့် ဓာတ်အားဖြတ်တောက်မှုလည်း နည်းပါးသွားမည် ဖြစ်ကြောင်း၊
ဟင်းငုတ်ပင်၊ ရခိုင်စု၊ သံတောင်၊ သံတောင်ကြီး၊ လိပ်သို၊ ဘောဂလိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲစက်ရုံများ၏ လမ်းအူကြောင်းပြ မြေပုံကိုလည်း ပူးတွဲတင်ပြထားကြောင်း။ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဟင်းငုတ်ပင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲစက်ရုံမှ သံတောင်ကြီးမြို့နယ်သို့ ၃၃/၁၁ ကေဗွီ ဓာတ်အားလိုင်း သီးခြားသွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ။ ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိလိုပါကြောင်း မေးမြန်းပါသည်။