(စ)မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာအနောက်ဘက် ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ ကျောက်မှော် ဘုန်းတော်ကြီးကျောင်းနှင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများ မြစ်ရေတိုက်စားမှု အန္တရာယ်မှကင်းဝေးစေရန် ရေကာတာတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့်စပ
သဘာဝဘေး ရင်ဆိုင်နေရသည့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ခဲ့သည့် စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းအား ရေဘေးအန္တရာယ်မှ ကာကွယ်တားဆီးပေးပါရန် အစီအစဉ်ရှိ /မရှိမေးခွန်းကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ဆက်စပ်နေသည့် ရွာတော်ကျေးရွာသည် မိမိတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ကြောင်း၊ ၎င်းရွာတော်ကျေးရွာ၏ အနောက်ဘက် ဧရာဝတီ မြစ်ကမ်းပါးပေါ်တွင် ကျောက်မှော်ကျောင်းဟု ခေါ်သည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုးများ ရှိကြောင်း၊ ယခုအခါတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုပြီး ၎င်းစေတီပုထိုးများ၊ ကျောင်းကန်များအတွက် အလွန်စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများကလည်း မိမိထံ တင်ပြလာကြကြောင်း၊ ကွင်းဆင်းလေ့လာချက်အရ လည်း စိုးရိမ်ရသည်ကို တွေ့ရှိခဲ့ရကြောင်း၊
မြစ်ကမ်းပါးထိပ်တွင် ရှိနေသည့် ကျောက်မှော်ကျောင်း စေတီနှင့် ကျောက်မှော်ကျောင်းအနီးတွင် တည်ထားကိုးကွယ်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုး ဖြစ်ကြောင်း၊ ကမ္ဗည်းမော်ကွန်းလည်း ရှိကြောင်း၊ လက်ရှိ မေးခွန်းကို မိမိတင်နေသည့် ကာလတွင် ရွာတော်ကျေးရွာ၏ အောက်ဘက်တွင် မင်းလှမြို့နှင့် ဆက်နေသည့် မင်းလှနှင့် ရွာတော်ကျေးရွာကို အဆက်အသွယ်ပြုသည့် လမ်းသည် ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုသွားကြောင်း၊ ၎င်းကမ်းပါးပြိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာက အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် မိမိတို့ ကွင်းဆင်းကြည့်ခဲ့ကြကြောင်း၊ ၎င်းကို မည်ကဲ့သို့ ပြုပြင်သင့်သည်ကို မိမိတို့အားလုံး ဝိုင်းဝန်းပြီး ကွင်းဆင်းခဲ့ကြကြောင်း၊ ထို့ကြောင့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် စေတီပုထိုးများအတွက် မြစ်ရေတိုက်စားမှု အန္တရာယ်မှ ကင်းဝေးစေရန် ကမ်းပြိုကာကွယ်ရေး ရေကာတာ တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။