(ဂ)-စစ်ကိုင်းမြို့နယ်အတွင်းရှိ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူနိုင်ရန် ကျောက်တာကျေးရွာ အနီးတွင်မြေဧရိယာ၁၄ဧကကျော်ခန့်ပေါ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတစ်ကျောင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

(ဂ)-စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူနိုင်ရန် ကျောက်တာကျေးရွာအနီးတွင် အဆင်သင့်ရှိနေသောမြေဧရိယာ၁၄ဧကကျော်ခန့်ပေါ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတစ် ကျောင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် တက္ကသိုလ်ငါးခု၊ ကောလိပ်နှစ်ခု ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ သမဝါယမ တက္ကသိုလ်ဟူ၍ တက္ကသိုလ် ငါးခု ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ပညာရေး ကောလိပ် ဆို၍ ကောလိပ် နှစ်ခုလည်းရှိပါကြောင်း၊ ကျောင်းသူကျောင်းသားများ အဆင်ပြေစွာ ပညာ သင်ကြားလျက်ရှိပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းတည်ဆောက်ရန် အစိုးရ စီမံခန့်ခွဲခွင့် ရှိသည့် မြေဧရိယာ ၁၄ ဧကခန့်သည် စစ်ကိုင်းမြို့ မြောက်ဘက် ကပ်လျက် ကျောက်တာ ကျေးရွာအနီးတွင် အဆင်သင့် ရှိပြီးဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ် လူသားအရင်းအမြစ်များအတွက် စက်မှုလက်မှု သိပ္ပံကျောင်း ချထား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အချိန်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။