(ဂ)-ပင်လုံမြို့၊လွိုင်လောင်ရွာသို့သွားသည့်လမ်းပေါ်ရှိ နမ့်စီးဟောင်းရေချောင်းကိုဖြတ်ကျော်တည်ဆောက် ထားသည့်တံတားအမှတ်(၁)နှင့်(၂)သံကူကွန်ကရစ် တံတားများအသစ်တည်ဆောက်ပေးရန်အစီအစဉ် ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနောက်ဘက်အထွက် ပန်မုန့်ကျေးရွာ အုပ်စုမှ ဆဟောင်းကျေးရွာအုပ်စု၊
လွိုင်လုံကျေးရွာသို့ သွားသည့်လမ်းပေါ်တွင်ရှိသော နမ့်စီးချောင်း ရေချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် သစ်သားတံတားအမှတ်(၁) အလျား ၄၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ တံတားသည် ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေပြီ ဖြစ်ပါကြောင်း၊ ယခုအခါတွင် ယာယီ တံတားအဖြစ် အသုံးပြု၍ မော်တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး မော်တော် ယာဉ်များအနေဖြင့် နမ့်စီဟောင်းရေချောင်းအတွင်းသို့ ခက်ခဲစွာ ဖြတ်သန်းသွားလာရနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု ဆဟောင်း ရေးကျောင်းကို ဖြတ်ကျော်တဲ့ အလျား ၄၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း၊ ထပ်မံ၍ နမ့်စီးဟောင်းရေကျောင်းကို ဖြတ်ကျော် တည်ဆောက်ထား သည့် သစ်သားတံတားအမှတ်(၂)သည် ယခုအခါတွင် တံတားကြမ်းခင်းများ၊ အောက်ခြေများ တံတား ဘေးအကာအရံများ ပျက်စီးယိုယွင်းလျက်ရှိပါကြောင်းနှင့် ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်ဆီးမည့် အန္တရာယ်ရှိနေသည့်အတွက် အချိန်မီ တံတား တစ်စင်းအသစ်တည်ဆောက်ပေးရန် လိုအပ်ကြောင်းကို ဒေသခံပြည်သူများက တင်ပြလာပါကြောင်း၊ နမ့်စီးဟောင်းချောင်းကို ဖြတ်ကျော်သည့် သံကူကွန်ကရစ် တံတားနှစ်စင်း တည်ဆောက်ပြီးပါက ပန်မုန့်ကျေးရွာအုပ်စုနှင့် ဆဟောင်းကျေးရွာအုပ်စုတို့မှ ကျေးရွာ ပေါင်း ၅၃ ရွာရှိ တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စုမှ ဆဟောင်းကျေး ရွာအုပ်စု၊ လွိုင်လောင်ရွာသို့သွားသည့် လမ်းပေါ်ရှိ နမ့်စီးဟောင်းရေချောင်းကို ဖြတ်ကျော် တည်ဆောက် ထားသည့် တံတားအမှတ်(၁)နှင့် တံတားအမှတ်(၂) တို့ကို ကွန်ကရစ် တံတားများဖြင့် တည်ဆောက်ပေး နိုင်ပါရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက် ပေးမည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။